Connect with us

Politics, Law & Military

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး သံရုံးယာယီတာဝန်ခံ၏ တရုတ်နိုင်ငံနှင့်စပ်လျဉ်းသည့် မှားယွင်းသောပြောကြားချက်များကို ဝေဖန်ပယ်ချ

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး အဆောက်အဦအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ) 

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး သံရုံးယာယီတာဝန်ခံ၏ တရုတ်နိုင်ငံနှင့်စပ်လျဉ်းသည့် မှားယွင်းသောပြောကြားချက်များကို ဝေဖန်ပယ်ချလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး သံရုံးယာယီတာဝန်ခံ George N. Sibley အနေဖြင့် မြန်မာနိုင်ငံ၌ ဆောင်းပါးဖော်ပြ၍ လိုရာဆွဲတွေး၊ အမှားကိုအမှန်လုပ်ပြီး တရုတ်နိုင်ငံအပေါ် တမင်သက်သက် တိုက်ခိုက်နာမည်ဖျက်ရုံသာမက တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှုနှင့် နှစ်နိုင်ငံဆက်ဆံရေးကို တမင်တကာသွေးခွဲလိုက်ကြောင်း ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူသည် ယင်းနှင့်စပ်လျဉ်း၍ တုံ့ပြန်ပြောကြားလိုက်ပြီး အမေရိကန်နိုင်ငံ၏ တစ်ကိုယ်ကောင်းဆန်သော၊ ဟန်ဆောင်ကောင်းသော၊ အောက်တန်းကျသော အကျည်းတန်မျက်နှာဖုံးကို ခွာချလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူ၏ ထုတ်ပြန်ချက်တွင် ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး သံရုံးယာယီတာဝန်ခံက ဇူလိုင် ၁၈ ရက်တွင် ရေးသားခဲ့သော ဆောင်းပါးအပေါ်  အထက်ပါအတိုင်း တုံ့ပြန် ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

တရုတ်သံရုံးပြောရေးဆိုခွင့်ရှိသူက ကာလတစ်ခုအကြာကတည်းက အမေရိကန်နိုင်ငံသည် အမေရိကန်ဦးစားပေးမူါဒကို ဖော်ထုတ်ခဲ့ပြီး နိုင်ငံတကာကျင့်ဝတ်နှင့် ဥပဒေစံနှုန်းများကို မျက်ကွယ်ပြု၍ လူသားဘုံအကျိုးစီးပွားနှင့် နိုင်ငံတကာရေစီးကြောင်းကို အလေးမထားဘဲ စပ်ဆုပ်ရွံရှာဖွယ်ကိစ္စရပ်များစွာကို လုပ်ဆောင်ခဲ့ကြောင်း ၊ တရုတ်နိုင်ငံကို တားဆီးရန်အတွက် ပြည်ပနိုင်ငံများအခြေစိုက် အမေရိကန်အဖွဲ့အစည်းများသည် အမိန့်နာခံ၍ တရုတ်နိုင်ငံအပေါ် တိုက်ခိုက်နာမည်ဖျက်မှုများ လုပ်ဆောင်ခဲ့ပြီး ယခု မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးသည်လည်း လက်မည်းကြီး ဆန့်ထုတ်လာခဲ့ကြောင်း၊ အမေရိကန် သက်ဆိုင်ရာဆောင်းပါး၏ အရည်အသွေးညံ့ဖျင်း အဆင့်မမီပုံမှာ အံ့အားသင့်စပ်ဆုပ်ဖွယ် ကောင်းလှကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ (Xinhua)