Connect with us

Politics, Law & Military

အမေရိကန်သည် တရုတ်နိုင်ငံကို အမည်ဖျက်တိုက်ခိုက်လိုက်ရုံဖြင့် မိမိ၏ အမာရွတ်ကို ဖုံးဖိနိုင်လိမ့်သွားမည်လားဟု မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက မေးခွန်းထုတ် 

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး အဆောက်အဦအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး သံရုံးယာယီတာဝန်ခံ၏ တရုတ်နိုင်ငံနှင့်စပ်လျဉ်းသည့် မှားယွင်းသောပြောကြားချက်များကို ဝေဖန်ပယ်ချကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပြီးတစ်ပြိုင်တည်းမှာပင်”အမေရိကန်သည် တရုတ်နိုင်ငံကို အမည်ဖျက်တိုက်ခိုက်လိုက်ရုံဖြင့် မိမိ၏ အမာရွတ်ကို ဖုံးဖိနိုင်လိမ့်သွားမည်လား”ဟု မေးခွန်းထုတ်ခဲ့သည်။ 

အမေရိကန်သည် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်မှုမရှိဘဲ တစ်ကမ္ဘာလုံး၌ တရုတ်နိုင်ငံအပေါ် သဲကြီးမဲကြီး အပြစ်ပုံချကာ ပြည်တွင်းအမြင်များကို အာရုံလွှဲနိုင်ရန် ကြိုးပမ်းပြီး မိမိ၏ တာဝန်ပျက်ကွက်မှုကို ဖုံးဖိနေကြောင်း ၊ အမေရိကန်ပြည်တွင်း၌ အသားအရောင်ခွဲခြားခြင်း၊ ဆင်းရဲချမ်းသာကွာဟခြင်း၊ နိုင်ငံရေးပြဲကွဲခြင်း စသည့်လူ့အဖွဲ့အစည်းနာတာရှည်ရောဂါများ သိသိသာသာပေါ်ပေါက် နေပြီး မည်သည်ကိုမျှ သေသေချာချာဖြေရှင်းခြင်း မရှိဘဲ မိမိကိုယ်ကိုလိမ်ညာနေခြင်းပင် ဖြစ်ကြောင်း ၊ အမေရိကန်သည် တရုတ်နိုင်ငံကို အမည်ဖျက်တိုက်ခိုက်လိုက်ရုံဖြင့် မိမိ၏ အမာရွတ်ကို ဖုံးဖိနိုင်လိမ့်သွားမည်လားဟု မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက သံရုံးထုတ်ပြန်ချက်တွင် မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။ 

အမေရိကန်သံရုံးတာဝန်ခံ၏ ဆောင်းပါးတွင် လွန်စွာ ကျိုးကြောင်းမဆီလျော်သည့် တွေးခေါ်ပုံများဖြင့် မြန်မာနိုင်ငံနှင့် ဟောင်ကောင်အရေး၊ တောင်တရုတ်ပင်လယ်အရေးတို့ကို ချိတ်ဆက်၍ အမေရိကန်မှ ကြွေးကြော်နေသော ဒီမိုကရေစီနှင့် အချုပ်အခြာအာဏာ အရေးကိစ္စများကို ချိတ်ဆက်ကာ တရုတ်-မြန်မာဆက်ဆံရေး၊ နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးနှင့် ကပ်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ ထောက်ပံ့ကူညီမှုများကို ကဲ့ရဲ့ပြစ်တင်ထားကြောင်း၊ ယင်းမှာ ပြည်ပနိုင်ငံအခြေစိုက် အမေရိကန်အဖွဲ့အစည်းမှ တရုတ်နိုင်ငံကို တိုက်ခိုက်ရန်အတွက် နည်းလမ်းမရွေး လုပ်ဆောင်လာသည်ကို ဖော်ပြနေခြင်းပင် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက ဟောင်ကောင်သည် တရုတ်နိုင်ငံ၏ပိုင်နက်နယ်မြေဖြစ်ကြောင်း ၊ တရုတ်နိုင်ငံအစိုးရ သည် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ လိုအပ်ချက်ကို ပြင်ဆင်၍ “တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ နိုင်ငံတော်လုံခြုံရေးဥပဒေ” ပြဌာန်းခြင်းမှာ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးသက်သက်သာ ဖြစ်ကြောင်း ၊ အမေရိကန်မှ ဟောင်ကောင်ကို ဆက်လက်အသုံးချ၍ တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရန်အတွက် ဟောင်ကောင်မှ နိုင်ငံတော်လုံခြုံရေးဥပဒေကို ကာကွယ်စောင့်ရှောက်ခြင်းကို မလိုမုန်းထားသောစိတ်ဖြင့် အကြိမ်ကြိမ်ကဲ့ရဲ့နာမည်ဖျက်နေပြီး “ဟောင်ကောင် ကိုယ်ပိုင်အုပ်ချုပ်ရေးဥပဒေ” ပြဌာန်းနိုင်ရေးအတွက် တစ်ယူသန်စွာ ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။ 

ယင်းမှာ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ပေါ်ပေါ်ထင်ထင်စွက်ဖက်နေခြင်းဖြစ်ပြီး ဟောင်ကောင်ပြည်သူများအပါအဝင် တရုတ်ပြည်သူ ၁.၄ ဘီလီယံ၏ ဘုံသဘောထားကို မလေးစားခြင်းပင် ဖြစ်ကြောင်း ၊ ဟောင်ကောင်သည် တရုတ်နိုင်ငံ၏ ဟောင်ကောင်ဖြစ်ပြီး အမေရိကန်မှ ထင်ရာလျှောက်ပြောခွင့်မရှိကြောင်း ၊ တောင်တရုတ်ပင်လယ်အရေး၌ အမေရိကန်သည် တောင်တရုတ်ပင်လယ်အချုပ်အခြာအာဏာဆိုင်ရာ အရေးကိစ္စတွင် ရပ်တည်ချက်မဖော်ပြပါဟူသော တရားဝင်ကတိကို သွေဖယ်၍ တရုတ်နိုင်ငံနှင့် သက်ဆိုင်ရာနိုင်ငံအကြား ဆက်ဆံရေးကို သွေးခွဲရန်ရည်ရွယ်ကာ “ကုလသမဂ္ဂပင်လယ်ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်း” ၌ ပါဝင်ခြင်းမရှိဘဲ အခြားနိုင်ငံမှ ကွန်ဗင်းရှင်းကို မလိုက်နာဟု ပေါ်ပေါ်ထင်ထင်ပြစ်တင်ဝေဖန်နေကြောင်း အမေရိကန်သည် မိမိ၏ ဤကဲ့သို့ဆောင်ရွက်မှုအပေါ် ရှက်ရွံ့မှု မရှိဘူးလားဟု တရုတ်သံရုံးပြောရေးဆိုခွင့်ရှိသူက မေးခွန်းထုတ်ခဲ့သည်။ 

အမေရိကန်က မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အမြဲအလေးထားပြောကြားနေသဖြင့် မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာကို တကယ်လေးစားခဲ့ဖူးလားဟု မိမိတို့မေးချင်မိကြောင်း ၊ နှစ်ပေါင်းများစွာအတွင်း၌ အမေရိကန်က နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး စသည့်နယ်ပယ်များတွင် မြန်မာနိုင်ငံကို အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့ကြောင်း ၊ ယင်းသည် မြန်မာနိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် ပြင်းထန်သည့်အတားအဆီးဖြစ်စေခဲ့သည်သာမက မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအသီးသီးနှင့်ဆက်ဆံရေးကို အလွန်အမင်းထိခိုက်စေခဲ့ကြောင်း ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ မြန်မာနိုင်ငံနှင့်သက်ဆိုင်ရာဆုံးဖြတ်ချက်ကို အတည်ပြုရန် အမေရိကန်က ကြိမ်ဖန်များစွာတွန်းအားပေးခဲ့ပြီး မြန်မာနိုင်ငံက ရခိုင်ပြည်နယ်အရေးကိစ္စတွင် ကြိုးပမ်းဆောင်ရွက်မှုများကိုလည်း တမင်သက်သက်လျစ်လျူရှုကာ မြန်မာနိုင်ငံကို အဆက်မပြတ် ဖိအားပေးခဲ့ကြောင်း ၊ ယင်းသည် မြန်မာနိုင်ငံပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း စွက်ဖက်နေခြင်း မဟုတ်ပါလား ဟု မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက ဆက်လက် မေးခွန်းထုတ်ခဲ့ကြောင်း သိရသည်။ (Xinhua)