Connect with us

Politics, Law & Military

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးပေါင်းကော်မတီကို အသစ် ပြန်လည် ဖွဲ့စည်းမည်

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးပေါင်းကော်မတီ (UPDJC) အစည်းအဝေး ၌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၂၇ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးပေါင်းကော်မတီ (UPDJC) ကို အသစ်ပြန်လည် ဖွဲ့စည်းမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့ဥက္ကဋ္ဌ အဖြစ်တာဝန်ယူလျက် ရှိသော ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နိုင်ငံရေး အပြောင်းအလဲနှင့် အနာဂတ် လိုအပ်ချက်ပေါ် မူတည်ပြီး ပြောင်းလဲမည် ဖြစ်ပြီး အဆိုပါ အပြောင်းအလဲသည် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အထောက်အကူပြုမည်ဟု ယုံကြည်ကြောင်း၊ UPDJC ပြန်လည် ဖွဲ့စည်းခြင်းနှင့် ပတ်သက်ပြီး တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး (NCA) က သတ်မှတ်ထားသည့် ပြုပြင် ပြောင်းလဲနိုင်သည့် နေရာများတွင် ပြုပြင်ပြောင်းလဲမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် နိုင်ငံရေးပါတီ ၉၀ ကျော်က ကိုယ်စားလှယ်များ အားလုံး ပါဝင်ခွင့်ရမည် မဟုတ်ဘဲ လွှတ်တော် တစ်ရပ်ရပ်မှာ အနည်းဆုံး ကိုယ်စားလှယ် တစ်ဦးရှိသည့် နိုင်ငံရေး ပါတီများကိုသာ ကိုယ်စားလှယ် အဖြစ် ထည့်သွင်းသွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးပေါင်းကော်မတီ (UPDJC) အစည်းအဝေး နေပြည်တော်၌ ကျင်းပစဉ် (ဆင်ဟွာ)
ယနေ့ ကျင်းပသော ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးပေါင်းကော်မတီ အစည်းအဝေးတွင် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ၂ ပိုင်းခွဲပြီး လုပ်ဆောင်မည်ဖြစ်ပြီး ပထမတစ်ပိုင်းသည် ယခင် MPC ဟုခေါ်သော အဖွဲ့အစည်းကို ပြန်ပြီး ဖွဲ့စည်းမည် ဖြစ်ပြီး ဒုတိယအပိုင်းသည် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအတွက် ပြင်ဆင်ရေး များကို ဆွေးနွေးမည် ဖြစ်သည်။
ယင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးပေါင်း ကော်မတီ ဖွဲ့စည်းရေးကို ယနေ့ အပါအဝင် နှစ်ရက်ကြာ ကျင်းပမည် ဖြစ်သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးပေါင်းကော်မတီ (UPDJC) ကို ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ ဦးကျော်တင့်ဆွေ ဒုတိယ ဥက္ကဋ္ဌ ၊ ဖဒိုစောကွယ်ထူးဝင်း ဒုတိယ ဥက္ကဋ္ဌ ၊ ဦးသုဝေ ဒုတိယ ဥက္ကဋ္ဌ ၊ ဦးလှမောင်ရွှေ အတွင်းရေးမှူး ၊ဒေါက်တာတင်မျိုးဝင်း ၊ ဦးသန့်စင်မောင်၊ ဦးသိန်းဆွေ ၊ ဒေါက်တာ ဝင်းမြတ်အေး ၊ နိုင်သက်လွင်တို့ အပြင် ဦးထွန်းထွန်းဦး ၊ ဦးခွန်မောင်သောင်း ၊ ဒေါ်ရှီလာနန်တောင် (ခေါ်) ဒေါ်အမ်နမ်တောင် ၊ ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်း ဗိုလ်ချုပ်စိုးနိုင်ဦး ၊ ဗိုလ်ချုပ်မြင့်နွယ်၊ ဗိုလ်မှုးချုပ် စိန်ထွန်းလှ နှင့် ဦးခင်ဇော်ဦးတို့ တာဝန်ယူ ဆွေးနွေးလျက် ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.