Connect with us

Politics, Law & Military

ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေး ဆိုင်ရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ဥရောပ သမဂ္ဂအကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ဒေါ်မြင့်ကြည်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး ရိုလန်ကိုဘီယာတို့အား လက်မှတ် ရေးထိုးပြီးနောက် မြင်တွေ့ရစဉ် (ဓာတ်ပုံ- UEC)

ရန်ကုန် ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲဆိုင်ရာ လေ့လာ စောင့်ကြည့်ရေး နှင့် ပတ်သက်သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ဥရောပ သမဂ္ဂ (EU) အကြား နားလည်မှု စာချွန်လွှာ (MoU) တစ်ရပ်ကို ယမန်နေ့သြဂုတ် ၂၁ ရက်တွင် နေပြည်တော်၌ နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာသူများ အတွက်တာဝန်ခံဖြစ်သူ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ဒေါ်မြင့်ကြည်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး ရိုလန်ကိုဘီယာတို့မှ လက်မှတ် ရေးထိုးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ထိုနားလည်မှု စာချွန်လွှာအရ ဥရောပသမဂ္ဂ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ပံ့ပိုးကူညီမှု အစီအစဉ် တစ်ခုဖြစ်သည့် ဥရောပသမဂ္ဂ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့ (EOM) သည် လာမည့် ရွေးကောက်ပွဲအား အပြည့်အဝ လေ့လာစောင့်ကြည့်ခွင့် ရရှိမည်ဖြစ်ပြီး ဥရောပသမဂ္ဂ ဆိုင်ရာ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေးအဖွဲ့ တွင် ကနေဒါ၊ ဆွစ်ဇာလန်၊နော်ဝေ နိုင်ငံများမှ လေ့လာ စောင့်ကြည့်သူများနှင့် မြန်မာနိုင်ငံရှိ ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများ သံတမန်များအပြင် ဥရောပသမဂ္ဂ အဖွဲဝင်နိုင်ငံများစွာမှ ရွေးကောက်ပွဲဆိုင်ရာ ရေရှည်၊ ရေတို လေ့လာစောင့်ကြည့်သူ ဦးရေ တစ်ရာကျော် ပါဝင်ကြမည့်ဖြစ်ကြောင်း သိရသည်။

ယင်းနားလည်မှု စာချွှန်လွှာ လက်မှတ်ရေးထိုးပွဲသို့ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးနှင့် ကော်မရှင် အဖွဲ့ဝင်များ ၊ အတွင်းရေးမှူး ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများနှင့် EU မှ တာဝန်ရှိသူများ တတ်ရောက်ခဲ့ကြောင်း သိရသည်။ဥရောပသမဂ္ဂ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (EOM) အား ဦးဆောင်မည့်သူ တစ်ဦးကို ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေး နှင့်လုံခြုံရေး မူဝါဒ ဆိုင်ရာ ကိုယ်စားလှယ်တော်ကြီး ဖယ်ဒရီကာ မောဂီရီနီ နှင့် ဥရောပ ကော်မရှင်၏ ဒုတိယ ဥက္ကဌ တို့ မှ မကြာမီ ခန့်အပ်သွားကြမည် ဖြစ်ပြီး ရွေးကောက်ပွဲ မဲပေးသည့် နေ့မတိုင်မီ ရက်သတ္တပတ် အနည်းငယ်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိကြမည်ဖြစ်သည်။

ရွေးကောက်ပွဲ လုပ်ငန်းစဉ် ပြီးဆုံးသည်အထိ ဆက်ရှိနေမည် ဖြစ်ပြီး လေ့လာဆန်းစစ်မှုကို နိုင်ငံတကာ စံချိန်စံနှုန်းများနှင့် ကိုက်ညီမှုရှိစေရန် အသေအချာ ပံ့ပိုး ဆောင်ရွက်ပေးသွားမည်ဟု ဥရောပသမဂ္ဂ (EU) ဘက်မှ သတင်း ထုတ်ပြန်ထားသည်။

ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ် များအတွက် ကူညီပံ့ပိုးရန် ယူရိုငွေ ၁၀သန်း (မြန်မာကျပ်ငွေ ၁၄.၅ ဘီလီယံ) အား လျာထား သတ်မှတ် အသုံးပြုလျက်ရှိကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117