Connect with us

Politics, Law & Military

ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့သည့် လေးနှစ်မြောက်တွင် NCA စာချုပ်ပါ အကြောင်းအရာများ ထုတ်ပြန်

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စား လှယ်အဖွဲ့ (SD) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) တို့ ၉ ကြိမ်မြောက် ညှိနှိုင်း အစည်းအဝေး (ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

ငြိမ်းချမ်းရေး ဖိတ်ခေါ် ကမ်းလှမ်းခဲ့သည့် လေးနှစ်မြောက် နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (Nationwide Ceasefire Agreement – NCA) ပါ အချက်အလက်များ ကို ပြည်သူလူထု သိရှိ လေ့လာနိုင်ရန် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟို ဌာန (Myanmar Peace Center) မှ ထုတ်ပြန် ကြေညာ လိုက်သည်။

NCA စာချုပ်တွင် အခြေခံမူများ ၊ ဦးတည်ချက်နှင့် ရည်ရွယ်ချက်များ ၊ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ကိစ္စရပ်များ ၊ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာအောင် လုပ်ဆောင်ခြင်း ၊ နိုင်ငံရေး ဆွေးနွေးပွဲ ဆိုင်ရာ အာမခံချက်များ ၊ ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် အထွေထွေ ဟူ၍ အခန်း (၇) ခန်းနှင့် အချက်ကြီး (၃၃) ချက် ပါဝင်သည်။

လေးနှစ်တာ ကာလအတွင်း စိတ်ရှည် သည်းခံမှု၊ အပြန်အလှန် နားလည်မှုတို့ကို အခြေခံ၍ ရရှိခဲ့သည့် ယုံကြည်မှုကို အရင်းအနှီးပြု၍ မကြာမီကာလ အတွင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (Nationwide Ceasefire Agreement – NCA) ကို လက်မှတ် ရေးထိုးနိုင်ကြလိမ့် မည်ဟု မျှော်လင့် နိုင်နေပြီ ဖြစ်ပါကြောင်း နှင့် ယခု သဘော တူညီထားပြီး ဖြစ်သည့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (Nationwide Ceasefire Agreement – NCA) သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု သမိုင်း တလျှောက်တွင် အမြင့်ဆုံး သဘော တူညီချက် တစ်ခု ဖြစ်သည်ဟု ဆိုသည်။

NCA လက်မှတ် ရေးထိုးပြီးသည့် နောက်တွင် ပဋိပက္ခ ဖြစ်ပွားရာ ဒေသများ၌ တိုက်ပွဲများ လျှော့ချပြီး ရပ်ဆိုင်း သွားသည်အထိ ကြိုးပမ်းနိုင်မည် ဖြစ်သဖြင့် ပဋိပက္ခ ဒဏ်ခံ ဒေသများမှ ပြည်သူများ အတွက် ငြိမ်းချမ်းခြင်း၏ အသီး အပွင့်ကို လက်ငင်း ခံစားနိုင်တော့မည်လည်း ဖြစ်သည့်အပြင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) သည် တိုင်းရင်းသား ညီအစ်ကို အချင်းချင်း အကြား နှစ်ပေါင်းများစွာ အဖြေရှာခြင်း မပြုနိုင်ခဲ့သည့် နိုင်ငံရေး ပြဿနာများကို နိုင်ငံရေး နည်းလမ်းများဖြင့် တွေ့ဆုံ ဆွေးနွေး အဖြေရှာရေး အတွက် ကျင်းပ ပြုလုပ်မည့် နိုင်ငံရေး ဆွေးနွေးပွဲများ အတွက် အဓိကကျသည့် တက်လှမ်းမှုကြီး ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် တိုင်းရင်းသားများ အစဉ်တစိုက် တောင်းဆိုခဲ့သည့် ဖယ်ဒရယ် စနစ်ကို အခြေခံသော ပြည်ထောင်စုကြီး ထူထောင်ရေး အတွက် ခိုင်မာသည့် ကတိကဝတ်၊ အာမခံချက် တစ်ခုလည်း ဖြစ်သည်ဟု ဆိုသည်။

နိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြား တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို ယခုနှစ် သြဂုတ်လ ၇ ရက်တွင် မူချောအဖြစ် နှစ်ဖက် အပြီးသတ် သဘောတူနိုင် ခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117