Connect with us

Science & Technology

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ချိတ်ဆက်ထားသော အဝေးပြေးလမ်းမကြီး အတွင်းရှိ တံတား ၇၃ စင်းကို ၁၈ လ အတွင်း အပြီးသတ် ပြုပြင်မည်

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ချိတ်ဆက်ထားသော အဝေးပြေးလမ်းမကြီး အတွင်းရှိ ပြုပြင်ရမည့် တံတားတစ်စင်းအား တွေ့ရစဉ် (ဓာတ်ပုံ- မြဝတီ)

ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

အိန္ဒိယ၊ မြန်မာနှင့် ထိုင်း သုံးနိုင်ငံ ချိတ်ဆက် အဝေးပြေး လမ်းမကြီး အတွင်းရှိ တံတား ၇၃ စင်းကို ၁၈ လ အတွင်း အပြီးသတ် ပြုပြင်သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ သုံးနိုင်ငံ ချိတ်ဆက်ထားသော ၁,၄ဝဝ ကီလိုမီတာ ရှည်လျားသည့် အာရှ အဝေးပြေး လမ်းမကြီး အတွင်းရှိ တံတား ၇၃ စင်းကို အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့် ပြန်လည်ပြုပြင် ဆောင်ရွက်သွားမည် ဖြစ်ကာ အကြီးစားနှင့် အလတ်စား ပြင်ဆင်မှုများ အတွက် လက်တွေ့ ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်မည် ဖြစ်သည်။

ယင်း တံတား ၇၃ စင်းသည် ပြီးခဲ့သည့် နှစ်ပေါင်း ၇ဝ ကျော် ဒုတိယ ကမ္ဘာစစ်အတွင်း တည်ဆောက်ခဲ့သည့် တံတားများ ဖြစ်သော်လည်း နည်းပညာဖြင့် ပြန်လည် ပြုပြင်ပါက ပြန်လည် အသုံးပြုနိုင်မည် ဖြစ်ကြောင်း၊ ယင်း တံတားများတွင် အကြီးစား ပြုပြင်ရမည့် တံတားများ ပါဝင်ပြီး အလတ်စား ပြုပြင်ရမည့် တံတားများလည်း ပါဝင်သည်။

အဆိုပါ အဝေးပြေး လမ်းမကြီးမှာ အိန္ဒိယနိုင်ငံ အရှေ့ပိုင်း မိုရေးမြို့မှ စတင်၍ မြန်မာနိုင်ငံရှိ တမူးမြို့နယ်မှ တစ်ဆင့် ထိုင်းနိုင်ငံ တက်ခ်ခရိုင် မဲဆောက်မြို့ အထိ ၁,၄ဝဝ ကီလိုမီတာ ရှည်လျားသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117