ရန်ကုန် ၊ ဒီဇင်ဘာ ၂၃ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ချင်းပြည်နယ် ၊ မင်းတပ်ခရိုင် ၊ မတူပီမြို့နယ် ၊ လိုင်လင်းပီမြို့ရှိ လိုင်လင်းပီလေယာဉ်ကွင်းငယ်တည်ဆောက်ရေးစီမံကိန်းမှာ ယခုအခါ စီမံကိန်းတစ်ခုလုံး၏ ၇၅ ရာခိုင် နှုန်းတည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ပဲခူး-ကျိုက်ထို အမြန်လမ်းမကြီးကို ၂၀၂၂ ခုနှစ်တွင် စတင်အကောင်အထည်ဖော်မည်ဖြစ်ပြီး စီမံကိန်းကာလမှာ ၆ နှစ်ခန့်ကြာမြင့်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးအောင်မြင့်ဦးက ဆင်ဟွာသို့ ဒီဇင်ဘာ ၉ ရက်တွင်ပြောကြားသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံး ၏ ၅၆ ဒသမ ၆၈ ရာခိုင်နှုန်းခန့် ဓာတ်အားသုံးစွဲနိုင်ပြီ ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT) အနေဖြင့် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး ရှိအိတ်ချိန်းတချို့အား ခေတ်မီအိတ်ချိန်းစက်များပြောင်းလဲတပ်ဆင်ပြီး ကေဘယ်လ်ကွန်ရက်စနစ်မှ မြန်နှုန်းမြင့် သတင်းအချက်အလက်ဝန်ဆောင်မှုပေးနိုင်သည့် ဖန်ကြိုးမျှင်အသုံးပြုတယ်လီဖုန်းစနစ်နှင့် ကြိုးမဲ့စနစ်သုံးတယ်လီဖုန်းများဖြင့်ပြောင်းလဲ တပ်ဆင်မည်ဖြစ်သောကြောင့် အော်တိုတယ်လီဖုန်းနံပတ်များ ပြောင်းလဲသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးမျိုးဆွေက...
ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မြန်မာနိုင်ငံတွင် COVID-19 ရောဂါမဖြစ်ပွားခင်နှင့် COVID-19 ရောဂါဖြစ်ပွားပြီးအချိန်နောက်ပိုင်းတွင် အင်တာနက်အသုံးပြုမှု ၇၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ဆင်ဟွာသို့ နိုဝင်ဘာ ၂၈ ရက်တွင်ပြောသည်။
ရန်ကုန် ၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ထပ်မံတိုးတက် သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်း ၄ ခုကို ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ရန်ကုန်တိုင်းဒေသကြီး၌ တည်ဆောက်မည့် ရန်ကုန်မိုးပျံရထားလမ်းစီမံကိန်းတွင် လှိုင်သာယာဘူတာမှ လှိုင်မြစ်ကိုဖြတ်၍ ရန်ကုန်အရှေ့ပိုင်း ပါရမီဘူတာအထိ တည်ဆောက်မည့် Line -2 ၏ ပထမဆင့်အတွက် ကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ၂ဒသမ၃ ဘီလီယံ ရှိနိုင်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ် ထျန်းဝန်-၁ သည် အောက်တိုဘာ ၂၈ ရက်တွင် တတိယမြောက် ဂြိုဟ်ပတ်လမ်းကြောင်းတည့်မတ်ခြင်း လုပ်ငန်းပြီးစီးခဲ့ကြောင်း တရုတ် အမျိုးသားအာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) အရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ) ရန်ကုန်-ဒလ မြစ်ကူးတံတားစီမံကိန်း ပြန်လည်စတင်နိုင်ရေး လုပ်ငန်းခွင်စစ်ဆေးမှုအား အောက်တိုဘာ ၂၂ ရက်တွင် လာရောက်စစ်ဆေးပြီးဖြစ်ကြောင်း၊ လာမည့်အပတ်တွင်လုပ်ငန်းပြန်လည်စတင်နိုင်ရန် မျှော်မှန်းထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒလတံတားစီမံကိန်းတာဝန်ခံ ဦးကျော်ကောင်းချိုက ဆင်ဟွာသို့ အောက်တိုဘာ ၂၃ ရက်တွင်ပြောသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ) ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် သတ္တုနှင့် သတ္တုထွက်ပစ္စည်းအမျိုးမျိုးကို စုစုပေါင်းမက်ထရစ်တန်ချိန် ၁၃,၄၅၁,၁၉၄ ဒဿမ ၇၉၅ တန် ထုတ်လုပ်နိုင်ခဲ့ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊အမှတ်(၁)သတ္တုတွင်းလုပ်ငန်း မှ လက်ထောက်အထွေထွေမန်နေဂျာ ဒေါ်မိမိကျော်က ဆင်ဟွာသို့ အောက်တိုဘာ ၂၃ ရက်တွင်ပြောသည်။