Connect with us

Social

ကလေးဝ ချင်းတွင်းမြစ်ကူးတံတား တည်ဆောက်မှုလုပ်ငန်း ၆၀ ရာခိုင်နှုန်းပြီးစီး

ကလေးဝချင်းတွင်းမြစ်ကူးတံတား တည်ဆောက်နေသည့် လုပ်ငန်းခွင်ကို တွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဒီဇင်ဘာ၂၃ ရက်(ဆင်ဟွာ)

ကလေးဝချင်းတွင်းမြစ်ကူးတံတားကို ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် နိုင်ငံတော် ခွင့်ပြုငွေကျပ်သန်း ၉၂ဝ အကုန် အကျခံ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိရာ ယခုအခါ ပင်မတံတားရေလယ်တိုင် တည်ဆောက်မှု လုပ်ငန်းနှင့် ချဉ်းကပ်လမ်းဖောက်လုပ်မှု လုပ်ငန်းတို့မှာ ၆ဝ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း တံတား တည်ဆောက်ရေး အင်ဂျင်နီယာ ဦးဇေယျာစိုး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါတံတားကို တံတား ရေလယ်တိုင် တည်ဆောက်ရန်နှင့် ချဉ်းကပ် လမ်းဖောက်လုပ်ရန်အတွက် တာဝန် ချထား ပေးခဲ့ရာ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် မိုးရာသီအကုန်မှစတင်၍ ပင်မတံတားတည်ဆောက်မှု လုပ်ငန်း ကို တံတား အထူးအဖွဲ့(၁၁)က လည်း ကောင်း၊ ကလေးဝဘက်ကမ်း ချဉ်း ကပ်လမ်းဖောက် လုပ်မှု လုပ်ငန်းကို လေယာဉ် အထူးအဖွဲ့(၃) က လည်း ကောင်း လူအင်အား၊ စက်ယန္တရား တို့ဖြင့် အကောင် အထည်ဖော် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.