Connect with us

Social

ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအား တတိယ အကြိမ် ပြန်လည် လက်ခံ

မြ၀တီမြို့ ကျောက်လုံးကြီးစခန်းသို့ ပြန်လည် ၀င်ရောက် လာသူများအား တာဝန်ရှိသူများက ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးနေစဉ်(ဓာတ်ပုံ - Myanmaalinn )

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအား မြန်မာ နိုင်ငံ နှင့် ထိုင်းနိုင်ငံတို့ ပူးပေါင်း၍ တတိယအကြိမ်အဖြစ် ပြန်လည်လက်ခံရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအစိုးရတို့ ပူးပေါင်းလျက် ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာ နိုင်ငံသား များအား စနစ်တကျ စိစစ်ပြီး ဆောင်ရွက်လျက်ရှိရာတွင် တတိယ အကြိမ် အဖြစ် စိစစ်ပြီး နေရပ် ပြန်လိုသူ မြန်မာ နိုင်ငံသား ၅၇၅ ဦးအား ကရင် ပြည်နယ် မြဝတီဂိတ်နှင့် ကယား ပြည်နယ် မယ်စဲ့ဂိတ်တို့မှ ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၂ ရက်အတွင်း ပြန်လည် လက်ခံရေး ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ စိစစ်ပြီး မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသား ၁၃၃ ဦးသည် ထိုင်း-မြန်မာချစ်ကြည်ရေး အမှတ် (၁) မှတစ်ဆင့် မြဝတီမြို့ ကျောက်လုံးကြီးစခန်းသို့ ဖေဖော်ဝါရီ ၂၀ ရက်က ပထမအသုတ်အဖြစ် ပြန်လည် ဝင်ရောက် လာခဲ့ ကြောင်း သိရသည်။

ထိုသို့ပြန်လည် ဝင်ရောက်လာခဲ့ရာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း ၊ ကရင်ပြည်နယ် လုံခြုံရေး နှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လက်ခံကြိုဆိုခဲ့ပြီး လိုအပ် သည့် ပံ့ပိုး ကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒုတိယအသုတ်အဖြစ် စိစစ်ပြီး မိမိဆန္ဒအလျောက် နေရပ်ပြန်လို သူ မြန်မာနိုင်ငံသား ၂၆၀ သည် ကယား ပြည်နယ် မယ်စဲ့ဂိတ်နှင့် ကရင်ပြည်နယ် မြဝတီဂိတ် တို့မှလည်းကောင်း၊ တတိယ အသုတ် ၁၈၂ ဦးသည် ကရင်ပြည်နယ် မြဝတီဂိတ်မှ လည်းကောင်း ဆက်လက် ဝင်ရောက်လာကြမည်ဖြစ်ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117