Connect with us

Social

ကားပုံစံငယ် စုဆောင်းသူ ဝါသနာရှင်များ ဆုံစည်းပွဲ နှင့် စုပေါင်း ပြပွဲ ကျင်းပ ပြုလုပ် 

ကားပုံစံငယ် စုဆောင်းသူ ဝါသနာရှင်များ စုပေါင်း၍ ရန်ကုန်မြို့၌ ပြပွဲ ပြုလုပ်သည့် မြင်ကွင်းများ(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ)

နိုင်ငံ တစ်ဝှမ်းရှိ ကားပုံစံငယ် စုဆောင်းသူ ဝါသနာရှင်များ ဆုံစည်းပွဲ နှင့် စုပေါင်း ပြပွဲကို ယနေ့ အောက်တိုဘာ ၆ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ကားပုံစံငယ် စုဆောင်းသူ ဝါသနာရှင်များ စုပေါင်း ပြသမှုကို မြန်မာ diecast ကားဝါသနာရှင်များ(MDCH) အဖွဲ့၏ စီစဉ်မှုဖြင့် ၂၀၁၇ ခုနှစ်မှ စတင် ကျင်းပခဲ့ကြောင်း ၊  နိုင်ငံ တစ်ဝှမ်းရှိ ကားပုံစံငယ် အသေးစား ဖန်တီးသူ လက်မှုပညာရှင်များ နှင့် ဝါသနာရှင် စုဆောင်းသူများ ပါဝင် ပြသလာခဲ့ရာ ယခုနှစ်သည် သုံးကြိမ်မြောက် ဆုံစည်းပြသပွဲ ဖြစ်ကြောင်း သိရသည်။

 

ကားပုံစံငယ် စုဆောင်းသူ ဝါသနာရှင်များ စုပေါင်း၍ ရန်ကုန်မြို့၌ ပြပွဲ ပြုလုပ်သည့် မြင်ကွင်းများ(ဆင်ဟွာ)

ထိုသို့ ပြပွဲ ကျင်းပရခြင်းမှာ diecast ကားစုဆောင်းသူ ဝါသနာရှင်များ အတူတကွ အားလုံး ပါဝင်၍ ၎င်းတို့ စုဆောင်း ထားသည့် ကားပုံစံငယ်များအား ပြသနိုင်မည့် အခွင့်အရေး တစ်ခု အဖြစ် နှစ်စဉ် ဆုံဆည်းကြခြင်း ဖြစ်ကြောင်း ၊ ယနေ့ပြသမှုတွင် ဝါသနာရှင် စုဆောင်းသူ ၁၀၀ ဉီး ဝန်းကျင် ပါဝင်ခဲ့ကြောင်း မြန်မာ diecast ကားဝါသနာရှင်များ (MDCH) အဖွဲ့ဝင် တစ်ဉီး နှင့် စုဆောင်းသူ တစ်ဉီး ဖြစ်သူ ကိုဇေယျာမြင့်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

“အကိုကတော့ Hot Wheels Real Riders ကို စုတာ များတယ်။ Real Riders ဆို အစီးရေ ရာနဲ့ချီ ရှိတယ်။Brand အစုံပေါ့။”ဟု ကိုဇေယျာမြင့်က ပြောသည်။ကားပုံစံငယ်များ စုပေါင်း ပြသမှုတွင် ကားပုံစံငယ်များမှာ Hot Wheels မှ ထရပ်ကား အထိ ပါဝင်ကြောင်း နှင့် diecast ကားများ အပြင် သစ်သားဖြင့် ပြုလုပ်ထားသော ကားပုံစံငယ် လက်ရာများလည်း ပါဝင်ကြောင်း သိရသည်။

ကားပုံစံငယ် စုဆောင်းသူ ဝါသနာရှင်များ စုပေါင်း၍ ရန်ကုန်မြို့၌ ပြပွဲ ပြုလုပ်သည့် မြင်ကွင်းများ(ဆင်ဟွာ)

ကားပုံစံငယ် စုဆောင်းသူ ဝါသနာရှင်များ စုပေါင်း၍ ရန်ကုန်မြို့၌ ပြပွဲ ပြုလုပ်သည့် မြင်ကွင်းများ(ဆင်ဟွာ)

ကားပုံစံငယ် စုဆောင်းသူ ဝါသနာရှင်များ စုပေါင်း၍ ရန်ကုန်မြို့၌ ပြပွဲ ပြုလုပ်သည့် မြင်ကွင်းများ(ဆင်ဟွာ)

ကားပုံစံငယ် စုဆောင်းသူ ဝါသနာရှင်များ စုပေါင်း၍ ရန်ကုန်မြို့၌ ပြပွဲ ပြုလုပ်သည့် မြင်ကွင်းများ(ဆင်ဟွာ)

ရန်ကုန်မြို့၌ ခေတ်ဟောင်းကာလက မော်တော်ယာဉ်များကို သစ်သားဖြင့် အသေးစား ဖန်တီး ပုံဖော်သူ လက်မှု ပညာရှင် တစ်ဉီး ဖြစ်သူ ကိုဇေယျာက “ပထမဆုံးပွဲကတည်းက ဝင်ပြဖြစ်တယ်။ စစပြတုန်းကတော့ ကျွန်တော်ကလည်း အဲဒီတုန်းက စလုပ်ခါစဆိုတော့ အများကြီး တွင်တွင်ကျယ်ကျယ်မလုပ်နိုင်သေးတဲ့အချိန်ဆိုတော့ ကျွန်တော် လုပ်နေတဲ့အမျိုးအစားတွေ Chevrolet ဗိုက်ပူတွေေနဲ့ ၅စီးပဲ ပြဖြစ်တယ်။”ဟု ပြောသည်။မြန်မာနိုင်ငံ၌ ကားပုံစံငယ်များနှင့် အရာဝတ္ထုပုံစံငယ်များအား စုဆောင်းသူ ဝါသနာရှင်များသည် အသက်အရွယ် အလွှာစုံ နီးပါးအထိ ပါဝင်ကြောင်း နှင့် ယခုအခါ ထိုသို့ စုဆောင်းမှုမှာ လူအများအကြား အလွန် ခေတ်စားသည့် ဝါသနာရပ် တစ်ခု ဖြစ်လာကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.