Connect with us

Sport

၂၀၁၉ အာရှဖလား၊ တတိယအဆင့် ခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း ကာဂျစ္စတန်အသင်းနှင့် ယှဉ်ပြိုင်မည်

ကာဂျစ္စတန်အသင်းနှင့် အာရှဖလားခြေစစ်ပွဲယှဉ်ပြိုင်မည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်အားပေးစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ)

၂၀၁၉ အာရှဖလား၊ တတိယအဆင့် ခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် လာမည့် မတ်လ ၂၂ ရက်၊ မြန်မာစံတော်ချိန် မွန်းလွဲ ၁၂း၃၀ အချိန်တွင် ကာဂျစ္စတန်အသင်းနှင့် တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။

အာရှဖလား တတိယအဆင့် ခြေစစ်ပွဲ အုပ်စု(က)တွင် ပါဝင်နေသည့် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းအနေနှင့် ကာဂျစ္စတန် အသင်းကို အနိုင်ရခဲ့ပါက ခြေစစ်ပွဲအောင်မြင်ရန် ရာခိုင်နှုန်း ပိုများလာမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့တွင် ၊ သုဝဏ္ဏကွင်း၌ ကစားခဲ့သည့် မြန်မာအသင်းနှင့် ကာဂျစ်စ္စတန်အသင်းတို့ နှစ်ဂိုးစီသရေကျခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117