Connect with us

Sport

ဧပြီလအတွင်း ကျင်းပမည့် ဘရူနိုင်းဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ သို့ မြန်မာ့လက်ရွေးစင် ယူ၂၁ အသင်း သွားရောက် ယှဉ်ပြိုင်မည်

ဘရူနိုင်းဖိတ်ခေါ် ဘောလုံးပြိုင်ပွဲအချိန်ဇယားအားတွေ့ရစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ မတ် ၂၇ ရက် (ဆင်ဟွာ)

ဘရူနိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ် ဧပြီလ (၂၁)ရက်နေ့မှ မေလ (၆)ရက်နေ့အထိ ကျင်းပမည့် HASSANAL BOLKIAH TROPHY FOR ASEAN YOUTH FOOTBALL TOURNAMENT 2018 ပြိုင်ပွဲသို့ မြန်မာ့လက်ရွေးစင် ယူ၂၁ အသင်းသွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

အဆိုပါပြိုင်ပွဲသို့ မြန်မာ အပါအဝင် အိမ်ရှင်ဘရူနိုင်း၊ ထိုင်း၊ အရှေ့တီမော၊ လာအို၊ စင်ကာပူ၊ ကမ္ဘောဒီးယား စုစုပေါင်း (၇)နိုင်ငံဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ အိမ်ရှင် ဘရူနိုင်း၊ ထိုင်း၊ အရှေ့တီမော ၊ မြန်မာအသင်းတို့ အုပ်စု (က)တွင် အတူတကွကျရောက်ခဲ့ပြီး အုပ်စု (ခ)တွင် လာအို၊စင်ကာပူ၊ ကမ္ဘောဒီးယား အသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117