ဝါရှင်တန်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပီလိုစီက ၎င်းအနေဖြင့် အောက်လွှတ်တော်တွင် ထိပ်တန်း ဒီမိုကရက်တစ် ခေါင်းဆောင်အဖြစ်မှ နုတ်ထွက်မည်ဟု နိုဝင်ဘာ ၁၇ ရက်၌ ကြေညာခဲ့သည်။
ကူမင်း၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲ ရွှေလီမြို့မှ မြန်မာနိုင်ငံ မူဆယ်ဒေသသို့ ကူညီပံ့ပိုးတည်ဆောက်ပေးသည့် ကိုဗစ်-၁၉ ကုသရေးစင်တာကို အောက်တိုဘာ ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။ ဖွင့်ပွဲအခမ်းအနားကို တက်ဟုန်းပြည်နယ်ခွဲနှင့် မူဆယ်ဒေသ သက်ဆိုင်ရာ ကိုယ်စားလှယ်များက ရုပ်သံလင့်ခ်ဖြင့် တက်ရောက်ခဲ့ကြသည်။ တရုတ်နိုင်ငံ အစိုးရ...
ဟဲနန်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) ဘာသာပြန် နှင့် ရုပ်သံ တည်းဖြတ်/စုဝင့် တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ်တွင် ဦးစားပေးအဖွဲ့အလိုက် COVID-19 ကာကွယ်ဆေးများကို စတင်ထိုးနှံပေးနေပြီဖြစ်ကြောင်းသိရသည်။ ပြည်နယ်အတွင်း ပထမအသုတ်အဖြစ် ကျန်းကျိုးမြို့ရှိ အအေးခန်းကုန်ပစ္စည်းလုပ်ငန်း လုပ်ကိုင်သူ ၅၀ ဦးအား စတင်ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံက ယခု...
ဟောင်ကောင်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) တွင် အမျိုးသားလုံခြုံရေးဆိုင်ရာ ဗဟိုပြည်သူ့အစိုးရရုံးကို ဇူလိုင် ၈ ရက် နံနက်ပိုင်း၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။အဆိုပါ ရုံးကို တရုတ်နိုင်ငံ ဥပဒေပြုလွှတ်တော်မှ အတည်ပြုခဲ့ပြီး ဇွန် ၃၀ ရက်က ပြဌာန်းခဲ့သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏...
ပေကျင်း၊ မေ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တွင် နှစ်စဉ်ကျင်းပသည့် နှစ်ပတ်လည်ထိပ်သီးအစည်းအဝေးနှစ်ရပ်တာကာလအတွင်း စိတ်ချလုံခြုံမှုရှိစေရန်နှင့် အစည်းအဝေးရလဒ်ကောင်းများရရှိစေရန် စီမံဆောင်ရွက်ထားပုံကို ဆင်ဟွာသတင်းထောက် ဖုန်းရင်က သွားရောက်ရိုက်ကူးတင်ဆက်ထားပါသည်။ (Xinhua)
ပေကျင်း၊ မေ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံပေကျင်းမြို့၌ ကျင်းပလျက်ရှိသည့် အမျိုးသားဥပဒေပြုရေးဆိုင်ရာ နှစ်ပတ်လည်အစည်းအဝေးသည် ယနေ့ မေ ၂၈ ရက်တွင် ပြီးဆုံးသွားခဲ့ပြီဖြစ်ကြောင်းသိရသည်။ ယခု video သည် အစည်းအဝေး ပြီးဆုံးသည့်အခမ်းအနားအား ရိုက်ကူးထားသည့်ရုပ်သံဖိုင်ဖြစ်ပါသည်။(Xinhua)
ပေကျင်း၊ မေ ၂၄ ရက် (ဆင်ဟွာ) ကမ္ဘာလုံးဆိုင်ရာ COVID-19 ကပ်ရောဂါ တိုက်ဖျက်မှုတွင် တရုတ်နိုင်ငံအနေဖြင့် မည်သည့်အခါမျှ ပထဝီနိုင်ငံရေးရည်မှန်းချက်များ နှင့် စီးပွားရေး အကျိုးအမြတ်များသို့မဟုတ် နိုင်ငံရေးအရ ချည်နှောင်မှုများကို လုပ်ဆောင်သွားမည် မဟုတ်ကြောင်း တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ယနေ့ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။ (Xinhua)
ပေကျင်း၊ မေ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာ သိပ္ပံအဖွဲ့အစည်းနှင့်ပူးပေါင်းကာ ကိုရိုနာဗိုင်းရပ်စ်၏ဇစ်မြစ်ကို ရှာဖွေသွားမည်ဖြစ်ပြီး ထိုသို့ရှာဖွေရာတွင် ပညာရှင်ဆန်စွာ၊ သမာသမတ်ကျစွာနှင့် အပြုသဘောဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီးဝမ်ရိက မေလ ၂၄ ရက်တွင် ကျင်းပခဲ့သည့်နိုင်ငံခြားရေးမူဝါဒဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။ (Xinhua)
ပေကျင်း၊ မေ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ယနေ့ကျင်းပသည့် တရုတ်နိုင်ငံခြားရေးမူဝါဒဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် တရုတ် နိုင်ငံတော်ကောင်စီဝင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးက COVID-19 တိုက်ဖျက်ရေးတွင် တရုတ်နိုင်ငံက အာဖရိကတိုက်နှင့်အတူ တစ်ဖက်နှင့်တစ်ဖက် အတူရပ်တည်သွားမည်ဟု ပြောကြားခဲ့သည်။ (Xinhua)
ပေကျင်း၊ မေ ၂၄ ရက် (ဆင်ဟွာ) COVID-19 ကပ်ရောဂါသည် တရုတ်နိုင်ငံတင်မကဘဲ အမေရိကန်နိုင်ငံ အတွက်ပါ ဘုံရန်သူဖြစ်ကြောင်းနှင့် နှစ်နိုင်ငံ ပြည်သူများသည် အချင်းချင်းကူညီရိုင်းပင်းခြင်းအားဖြင့် ကောင်းမွန်သည့်အကျိုးစီးပွါးများကိုဖြစ်ထွန်းနိုင်စေကြောင်းတရုတ် နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ရိက ယနေ့ကျင်းပသည့် နိုင်ငံခြားရေးမူဝါဒနှင့်စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်းသိရသည်။ (Xinhua)