ပေကျင်း၊ မတ် ၂ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်က တရုတ်နိုင်ငံအနေဖြင့် တစ်ကမ္ဘာလုံးအတွက် စီးပွားရေးတံခါးဖွင့်လှစ် ထားမည် ဖြစ်ကြောင်း၊ ပို့ကုန်သွင်းကုန်ကဏ္ဍတို့တွင် အခွန်အခများကိုလည်း လျှော့ချပေးသွားရန်ရှိကြောင်း၊ အစိုးရအနေဖြင့်ထုတ်လုပ်ရေးကဏ္ဍတွင်လည်း အပြည့်အဝထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ဈေးကွက်စီးပွားရေးကဏ္ဍကိုလည်းပိုမိုကျယ်ပြန့်စေရန် လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ ကမ္ဘာ့စီးပွားရေး အခန်းကဏ္ဍတွင် သဟဇာတဖြစ်စေရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။(Xinhua)
ပေကျင်း၊ မတ် ၂ဝ ရက်(ဆင်ဟွာ) တရုတ်ပြည်သူူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် ကျင်းပပြီးစီးခဲ့ပြီဖြစ်သည့် တရုတ် ပြည်သူ့ နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းမှု ညီလာခံနှင့်စပ်လျဉ်း၍ ဝန်ကြီးချုပ်လီခဲ့ချန် သတင်းစာရှင်းလင်းပွဲကျင်းပသည့်မြင်ကွင်း အပြည့်အစုံကိုအောက်ပါလင့်ခ်မှတစ်ဆင့်ကြည့်ရှုနိုင်ကြပါသည်။(Xinhua)
ပေကျင်း၊ မတ် ၁၉ ရက် (ဆင်ဟွာ) မတ်လ ၁၇ ရက်နေ့ က တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ အဖြစ် အသစ်ရွေးကောက်တင်မြှောက်ခံရသော သမ္မတ ရှီကျင့်ဖိန်၏ ပြည်သူများနှင့်တစ်သားတည်း လှုပ်ရှားဆောင်ရွက်ခဲ့သည့် ခေါင်းဆောင်မှုပုံရိပ်များဖြစ်ပါသည်။(Xinhua)
ပေကျင်း ၊ မတ် ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ အမျိုးသားဥပဒေပြုရေးဖြစ်သော ကျင်းပဆဲ ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက်၏ ပထမအကြိမ်အစည်းအဝေး၌ တရုတ်နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် လီခဲ့ချန်ကို ယနေ့(မတ်လ ၁၈ ရက် နံနက်ပိုင်း)တွင် ထောက်ခံရွေးချယ်လိုက်ကြောင်း သိရသည်။ (Xinhua)
ပေကျင်း၊ မတ် ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတအဖြစ် အသစ်ရွေးကောက်တင်မြှောက်ခံရသော သမ္မတ ရှီကျင့်ဖိန် သည် မတ် ၁၇ရက်တွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမကြီး၌ အခြေခံဥပဒေနှင့် အညီ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း သိရသည်။
ပေကျင်း၊ မတ် ၁၇ ရက် (ဆင်ဟွာ) ၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် အစည်းအဝေးပွဲ ၌ မတ် ၁၇ရက် နံနက်ပိုင်းတွင် ရှီကျင့်ဖိန်အား တရုတ်နိုင်ငံ သမ္မတ နှင့် တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ အဖြစ်ရွေးကောက်တင်မြောက်လိုက်ကြောင်း သိရသည်။ (Xinhua)
ပေကျင်း ၊ မတ် ၁၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ထိပ်တန်းနိုင်ငံရေး အတိုင်ပင်ခံ ကိုယ်စားလှယ်များတက်ရောက်ခဲ့သော တရုတ်ပြည်သူ့နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ(CPPCC) ၏ ၁၃ ကြိမ်မြောက် အမျိုးသားကော်မတီ၏ ပထမ အကြိမ်အစည်းအဝေး ပိတ်ပွဲ အခမ်းအနားကို မတ်လ ၁၅ ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ မတ် ၁၅ ရက်(ဆင်ဟွာ) သမ္မတရှီကျင့်ဖိန် က တရုတ်နိုင်ငံတစ်ဝန်းလုံးရှိ အမျိုးသားပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်များ၊ တရုတ် ပြည်သူ့ နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းမှု ညီလာခံကိုယ်စားလှယ်များ နှင့် တွေ့ဆုံဆွေးနွေးကာ တိုင်းပြည်တိုးတက်ရေးနှင့် သက်ဆိုင်သည့် အဓိကကျသော အခန်းကဏ္ဍများကိုဆွေးနွေးခဲ့သည်။ ယခု video ထဲတွင် သမ္မတရှီကျင့်ဖိန် ၏...
ပေကျင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အမျိုးသားဥပဒေပြုရေးအဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ (CPC) ၏ ဦးဆောင်မှုအခန်းကဏ္ဍသည် တရုတ်ဝိသေသလက္ခဏာများ နှင့်အတူ ဆိုရှယ်လစ်ဝါဒ၏ ပုံရိပ်ကို အဓိပ္ပာယ်သတ်မှတ်ခြင်းဖြစ်ကြောင်း ထည့်သွင်းရေးသားခဲ့ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ချက်အား မတ် ၁၁ရက်တွင် ပြဋ္ဌာန်းခဲ့သည်။
ပေကျင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အမျိုးသားဥပဒေပြုရေးအဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေ ၌ ခေတ်သစ်တွင် တရုတ်ဝိသေသလက္ခဏာများ နှင့်အတူ ဆိုရှယ်လစ်ဝါဒအပေါ် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အတွေးအမြင်အား ထည့်သွင်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်များကို မတ် ၁၁ရက် နေ့လည်ပိုင်းတွင် ပြဋ္ဌာန်းခဲ့ကြောင်း သိရသည်။