Connect with us

Africa & Middle East

တာလီဘန်က သမ္မတနန်းတော်ကိုထိန်းချုပ်လိုက်ပြီဖြစ် ၊ အာဖဂန်အစ္စလာမ်မစ်စော်ဘွားနိုင်ငံအဖြစ် မကြာမီကြေညာမည်ဟု ဆို

တာလီဘန်တပ်ဖွဲ့ဝင်များ အာဖဂန်နစ္စတန်အရှေ့ပိုင်း Ghazni မြို့အား ဩဂုတ် ၁၂ ရက်က ဝင်ရောက်သိမ်းပိုက်စဉ်(ဆင်ဟွာ)

ကဘူးလ် ၊ ဩဂုတ် ၁၆ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်ရှိ သမ္မတနန်းတော်တို့ကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း တာလီဘန်တို့က တနင်္ဂနွေနေ့ ညပိုင်းတွင်ပြောကြားခဲ့ပြီး ၎င်းတို့အနေဖြင့် မကြာမီအချိန်အတွင်း အာဖဂန်နစ္စတန်အစ္စလာမ်မစ်စော်ဘွားနိုင်ငံ(Islamic Emirate of Afghanistan) အဖြစ်ထူထောင်ရန် ကြေညာသွားမည်ဖြစ်ကြောင်း မီဒီယာများက ရေးသားဖော်ပြခဲ့သည်။

တာလီဘန်တပ်ဖွဲ့ဝင်များ အာဖဂန်နစ္စတန်အရှေ့ပိုင်း Ghazni မြို့အား ဩဂုတ် ၁၂ ရက်က ဝင်ရောက်သိမ်းပိုက်စဉ်(ဆင်ဟွာ)

အာဖဂန်သမ္မတ Mohammad Ashraf Ghani သည် တနင်္ဂနွေနေ့ ညအစောပိုင်းတွင် နိုင်ငံမှ ထွက်ခွာသွားပြီဖြစ်ကြောင်း အာဖဂန်အမျိုးသားပြန်လည်သင့်မြတ်ရေးကောင်စီအကြီးအကဲ Abdullah Abdullah က ၎င်း၏ facebook စာမျက်နှာတွင် ရုပ်သံဖိုင်တစ်ခုဖြင့် အတည်ပြုပြောကြားခဲ့သည်။

တာလီဘန်က ယင်းတပ်ဖွဲ့ဝင်များအား ကဘူးလ်မြို့တော်ထဲ ဝင်ရောက်သိမ်းပိုက်ရန် အမိန့်ပေးခဲ့ပြီးနောက် ယင်းသတင်းထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်မှုမှ ကာကွယ်ရန် ကဘူးလ်မြို့တော်တွင် ဒေသစံတော်ချိန် ည ၉ နာရီမှ စ၍ ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားကြောင်း သိရသည်။ အာဖဂန်အစိုးရ နှင့် တာလီဘန်တို့အကြား ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေးအတွက် သမ္မတနန်းတော်တွင် တွေ့ဆုံဆွေးနွေးနေကြောင်း သတင်းမီဒီယာများက ယင်းနေ့အစောပိုင်းတွင် ဖော်ပြခဲ့သည်။(Xinhua)

————————————
(English Version)
Taliban says taken control of presidential palace, soon to declare Islamic Emirate of Afghanistan – reports
KABUL, Aug. 15 (Xinhua) — The Taliban said on Sunday night that they have taken control of the presidential palace in Afghan capital Kabul, and they will soon declare the establishment of the Islamic Emirate of Afghanistan, media reports said.
Afghan President Mohammad Ashraf Ghani left the country earlier on Sunday night, Abdullah Abdullah, head of the Afghan National Reconciliation Council, said in a video on his Facebook page.
The report came as the Taliban has ordered its forces to enter Kabul city.
A curfew has been imposed in Kabul starting 9:00 p.m. local time on Sunday to prevent violence.
Reports said earlier in the day that a negotiation was underway in the presidential palace between the Afghan government and the Taliban on a peaceful power transfer. Enditem

Taliban militants are seen inside the Ghazni city, eastern Afghanistan, Aug. 12, 2021. Taliban militants Thursday overran Afghanistan’s eastern Ghazni province’s capital city Ghazni, 150 km from the national capital Kabul, provincial council member Hasan Reza Yusufi said. (Str/Xinhua)