Connect with us

Africa & Middle East

ဆိုမာလီတွင် အသေခံဗုံးဖောက်ခွဲမှု ၂ခုကြောင့် သေဆုံးသူ ၁၀ဦးရှိလာ

ဆိုမာလီနိုင်ငံတွင် ယခင်ကဖြစ်ပွားခဲ့သော အသေခံဗုံးပေါက်ကွဲမှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

မိုဂါဒစ်ရှူး၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

ဆိုမာလီနိုင်ငံ တောင်ပိုင်း Bay ဒေသ၊ Baidoa မြို့ ရှိ ဟိုတယ်တစ်ခု နှင့် စားသောက်ဆိုင်တစ်ခုတွင် အောက်တိုဘာ ၁၃ ရက်က အသေခံဗုံးပေါက်ကွဲမှု ၂ခုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၁၀ဦးအထိ ရှိလာကြောင်း ဒေသခံတာဝန်ရှိသူများကပြောကြားခဲ့သည်။

South West ပြည်နယ် သတင်းအချက်အလက်ဝန်ကြီး Ugas Hassan Abdi က တိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူ ၁၀ဦးသေဆုံးခဲ့ပြီး အခြားလူ ၂၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း နှင့် သေဆုံးသူအများစုမှာ အရပ်သားများဖြစ်ကြကြောင်း ပြောကြားခဲ့သည်။

သေဆုံးသူများသည် အများအားဖြင့် လူငယ်များဖြစ်ကြပြီး စားသောက်ဆိုင်တစ်ခု ၌ လက်ဖက်ရည်သောက်နေကြစဉ် ဗုံးခွဲမှုနှင့်ကြုံတွေ့ခဲ့ကြခြင်းဖြစ်ကြောင်း ယင်းဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး မိနစ်အနည်းငယ်အကြာတွင် မြို့လယ်ခေါင်ရှိ Bilan ဟိုတယ်၌ အလားတူ တိုက်ခိုက်မှုမျိုးဖြစ်ခဲ့ကြောင်း သိရသည်။အယ်ရှာဘတ် စစ်သွေးကြွအဖွဲ့က ယင်းတိုက်ခိုက်မှုများကို ၎င်းတို့ပြုလုပ်ခြင်းဖြစ်ကြောင်း ကြေညာခဲ့ပြီး လူ ၂၀ကျော် သတ်ဖြတ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117