Africa & Middle East
တူရကီ အစိုးရ ဝန်ထမ်း ၄၅၀၀ ဦး ရာထူးမှ ထုတ်ပယ်ခံရ
အန်ကာရာ၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)
ဂူလန်နစ် အကြမ်းဖက်အဖွဲ့ (Gulenist Terror Group) (FETO) နှင့် ချိတ်ဆက်မှုရှိကြောင်း သံသယရှိခြင်း ခံရပြီးနောက် တူရကီ နိုင်ငံ အစိုးရဝန်ထမ်း ဦးရေ ၄,၅၀၀ အား ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း ပြစ်မှုဆိုင်ရာ အမိန့် တစ်ရပ်ကို ဖေဖော်ဝါရီလ ၇ ရက်တွင် ကြေညာလိုက်သည်။
ဝက်ဘ်ဆိုဒ်တွင် ထုတ်ပြန်ထားသည့် ပြစ်မှုဆိုင်ရာ အမိန့်အရ ပညာရေး ဝန်ကြီးဋ္ဌာနမှ ၂,၅၈၅ ဦး၊ စစ်ဘက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ၈၉၃ ဦး၊ အထွေထွေ လုံခြုံရေး ဦစီးဋ္ဌာနမှ ၄၁၇ ဦး၊ ပြည်ထဲရေး ဝန်ကြီးဋ္ဌာနမှ ၄၉ ဦးနှင့် အခြား ပြည်သူ့ အဖွဲ့အစည်းများမှ ၅၂၀ ဦးအား အလုပ်မှ ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့်နှစ် ဇူလိုင်လက လူပေါင်း ၂၄၈ ဦး သေဆုံးပြီး ၂,၂၀၀ ဦး ဒဏ်ရာရရှိခဲ့သော တူရကီနိုင်ငံတွင် အာဏာသိမ်းရန် ကြိုးပမ်းမှုအတွက် FETO အဖွဲ့အား တူရကီ အစိုးရက စွပ်စွဲထားခဲ့သည်။
အဆိုပါ အာဏာသိမ်းရန် ကြိုးပမ်းမှု ဖြစ်ပွားပြီးနောက် တူရကီ အစိုးရက နိုင်ငံအား အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီး ဂူလန်နစ်အဖွဲ့နှင့် ချိတ်ဆက်ကြောင်း သံသယရှိသူ အစိုးရ ဝန်ထမ်း ထောင်သောင်းချီကာ ရာထူးမှ ထုတ်ပယ်ခြင်းနှင့် ဆိုင်းငံ့ခြင်းခံရကြောင်း သိရသည်။ (Xinhua)