Connect with us

Africa & Middle East

ဒမက်စကက်စ်အနီးရှိ သူပုန်နယ်မြေများအား ဆီးရီးယားက လေကြောင်းစစ်ဆင်မှု အကြိမ်၂၀ ပြုလုပ်ခဲ့

ဒမတ်စကက်စ်မြို့ပေါ်တွင် ပျံသန်းနေသည့် ဆီးရီးယားတိုက်လေယာဉ်တစ်စီးအားတွေ့ရစဉ် (ဆင်ဟွာ)

ဒမတ်စကက်စ်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကက်စ်မြို့အရှေ့ဘက် ရှိ သူပုန်များထိန်းချုပ်ထားသော နယ်မြေများကို ပစ်မှတ်ထား၍ လေကြောင်း စစ်ဆင်မှု အကြိမ် ၂၀ ပြုလုပ်ခဲ့ပြီး သေဆုံးသူအရေအတွက် ကို မသိရှိရသေးကြောင်း လေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့က ပြောကြားခဲ့သည်။

ဒမတ်စကက်စ်မြို့ အရှေ့ဘက် အရှေ့Ghoutaဒေသ ရှိ သူပုန်များ ခြေကုပ်ယူထားသော Jobar နှင့် Arbeenမြို့ များကို ပစ်မှတ်ထား၍ လေကြောင်းစစ်ဆင်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဆီးရီးယားနိုင်ငံဆိုင်ရာ လူအခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ က ပြောကြားခဲ့သည်။

လန်ဒန်အခြေစိုက်စောင့်ကြည့်ရေးအဖွဲ့က ယင်းဒေသ၌ ဆီးရီးယားစစ်တပ် နှင့် သူပုန်များ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေစဉ် လေကြောင်းစစ်ဆင်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၃၀ ရက်တွင် စတင်အသက်ဝင်ခဲ့သော တူရကီ နှင့် ရုရှားတို့ မှစေ့စပ်ပေးခဲ့သည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ဆောင်ရွက်ပြီးကတည်းက ရှေ့တန်းစစ်မျက်နှာတွင် တည်ငြိမ်မှုများရှိနေခဲ့ရာ ယခုကဲ့သို့ တိုက်ပွဲများ နှင့် လေကြောင်းစစ်ဆင်မှုများ ထွက်ပေါ်လာရခြင်းအကြောင်းရင်း ကို မသိရှိရသေးကြောင်း သိရသည်။

စစ်လေယာဉ်သံများ နှင့် လေကြောင်းစစ်ဆင်မှုအသံများအား ဖေဖော်ဝါရီ ၇ ရက်တွင် ဒမတ်စကက်စ်မြို့အတွင်း ကျယ်လောင်စွာကြားနေရကြောင်း၊ သူပုန်များက မြို့တော်အား စိန်ပြောင်းများ နှင့် ပစ်ခတ်ခဲ့ပြီး ၎င်းတို့အနက်တစ်ခုသည် ဒမတ်စကက်စ်မြို့လယ်ရှိ ဥပဒေရုံးအဆောက်အအုံတစ်ခုအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း နှင့် သေဆုံးသူအရေအတွက်ကို မသိရှိရသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.