Connect with us

Africa & Middle East

အာဖဂန် တရားရုံးချုပ် တွင် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၁၃ဦးသေ ၂၅ဦးဒဏ်ရာရရှိ

အသေခံဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် အာဖဂန် တရားရုံးချုပ် ရှေ့သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာစဉ် (ဆင်ဟွာ)

ကဘူးလ်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ ရှိ တရားရုံးချုပ် ဂိတ်ပေါက်တွင် ဖေဖော်ဝါရီ ၇ ရက်က အသေခံဗုံးဖောက်ခွဲခဲ့၍ လူ ၁၃ဦးထက်မနည်းသေဆုံးပြီး အခြားလူ ၂၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း အကြီးတန်း ရဲအရာရှိ Faridon Abidi ကပြောကြားခဲ့သည်။

Abidi က တရားရုံးချုပ် ထွက်ပေါက်ရှေ့တွင် အကြမ်းဖက်သမားတစ်ဦးသည် အသေခံဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့ရာ အမျိုးသမီးများအပါအဝင် အပြစ်မဲ့ပြည်သူ ၁၃ဦး သေဆုံးခဲ့ပြီး အခြားလူ ၂၅ဦးဒဏ်ရာရရှိခဲ့ကြောင်း အခင်းဖြစ်ပွားရာ၌ သတင်းထောက်များအားပြောကြားခဲ့သည်။

အသေခံဗုံးပေါက်ကွဲမှု သည် တရားရုံးမှ ဝန်ထမ်းများ အိမ်ပြန်ချိန် ၃း၃၅နာရီ တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် ပြည်သူ့ကျန်းမာရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Ismail Kawusi ကလူ၁၉ဦးသေဆုံးပြီး ၄၁ဦးဒဏ်ရာရရှိခဲ့ကြောင်း နှင့် ၎င်းတို့အား ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ဆင်ဟွာသို့ အတည်ပြုပြောကြားခဲ့သည်။

သို့သော် မျက်မြင်တွေ့ခဲ့သူများ၏ပြောကြားချက်အရ မိသားစုဝင်တချို့သည် သေဆုံးသူတချို့၏ ရုပ်အလောင်းများကို အိမ်သို့ပြန်သယ်ဆောင်သွားခြင်း နှင့် ဒဏ်ရာရရှိသူတချို့အား ပုဂ္ဂလိက ဆေးရုံများသို့ ပို့ဆောင်ခဲ့ကြသဖြင့် သေဆုံးသူအရေအတွက် နှင့် ဒဏ်ရာရရှိသူအရေအတွက်သည် အစိုးရ၏ ဖော်ပြချက်ထက် ပိုမိုများပြားနိုင်ကြောင်း သိရသည်။

အစောပိုင်းကာလများတွင် အချို့မီဒီယာများက တရားရုံးချုပ် တိုက်ခိုက်ခံရမှုတွင် လူ ၂၀ဦးသေဆုံးပြီး ၄၁ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။

တရားရုံးချုပ်အား ယခု တိုက်ခိုက်ခံရမှုသည် ဒုတိယအကြိမ်ဖြစ်ပြီး လွန်ခဲ့သည့် သုံးနှစ်ကလည်း အလားတူတိုက်ခိုက်ခံခဲ့ရကြောင်း နှင့် ယခင်တိုက်ခိုက်မှုအား တာလီဘန်တို့ကလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၇ ရက် တရားရုံးတိုက်ခိုက်ခံရမှု အား မည်သည့်အဖွဲ့အစည်းက ပြုလုပ်ခဲ့သည်ကို သိရှိခြင်းမရှိသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.