Connect with us

Africa & Middle East

တောင်ဆူဒန် ခရီးသည်တင် လေယာဉ် ပျက်ကျ၊ လူ ၁၆ ဦး ဒဏ်ရာရရှိ

တောင်ဆူဒန် Wau လေဆိပ်တွင် ပျက်ကျခဲ့ပြီး မီးလောင်ကျွမ်းနေသော လေယာဉ်အား တွေ့ရစဉ် (ဆင်ဟွာ)

နိုင်ရိုဘီ၊ မတ် ၂၀ ရက် (ဆင်ဟွာ)

တောင်ဆူဒန်နိုင်ငံရှိ Wau လေဆိပ်မှာ ဒေသစံတော်ချိန် ညနေ ၃း၃၀ နာရီ၌ ခရီးသည်တင် လေယာဉ် တစ်စင်း ပျက်ကျကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာတွင် ဒဏ်ရာရရှိသူ ၁၆ ဦးရှိခဲ့ပြီး သေဆုံးသူ အရေအတွက် မသိရှိရသေးကြောင်း ဂျူဘာရှိ ကုလသမဂ္ဂ လုံခြုံရေးဋ္ဌာန သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ဒဏ်ရာရသူ ၁၆ ဦးမှာ Wau ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ အသေအပျောက် စာရင်းကိုမူ လက်ရှိအချိန်၌ မသိရသေးကြောင်း သတင်းရင်းမြစ်က ပြောသည်။အဆိုပါ လေယာဉ်ပေါ်၌ လူ ၄၉ ဦး လိုက်ပါသွားခဲ့ပြီး လေယာဉ် ဝန်ထမ်း အဖြစ် အီသီယိုးပီးယား နိုင်ငံသား တစ်ဦးနှင့် ရုရှားနိုင်ငံသား လေးဦး ပါဝင်ကြောင်း Inter-Government Authority on Development (IGAD) အရ သိရသည်။UNMISS တပ်ဖွဲ့မှ အတည်ပြုချက်အရ ယင်း လေယာဉ်ပေါ်တွင် ကုလ ဝန်ထမ်းများ မပါဝင်ကြောင်းနှင့် အကြမ်းဖက် တိုက်ခိုက်မှု မဟုတ်ကြောင်း၊ အဆိုပါ လေယာဉ်သည် မြေပြင်သို့ ဆင်းသက်စဉ်တွင် အရာဝတ္ထု တစ်ခုနှင့် တိုက်မိကာ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။လေယာဉ်သည် မိနစ် ၂၀ ကြာ မီးလောင်ကျွမ်းခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117