Connect with us

Africa & Middle East

ရွှေ့ပြောင်းဒုက္ခသည် ၁၁၇ ဦး၏ ရုပ်အလောင်းများ လစ်ဗျားကမ်းခြေ၌ ကမ်းတင်

ဧပြီလ ၁၆ ရက်က ရွှေ့ပြောင်းဒုက္ခသည်များ စီးလာသည့်လှေ မှောက်ပြီးနောက် ရောက်လာသူများအား လစ်ဗျားနိုင်ငံ ထရီပိုလီ ဆိပ်ကမ်း၌ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုပေးနေစဉ် (ဆင်ဟွာ)

ထရီပိုလီ၊ ဇွန် ၄ ရက် (ဆင်ဟွာ)

ဥရောပသို့ သွားရောက်ရာတွင် လှေနစ်မြုပ်ပြီးနောက် ရွှေ့ပြောင်းဒုက္ခသည် အနည်းဆုံး ၁၁၇ ဦး၏ ရုပ်အလောင်းများသည် လစ်ဗျားနိုင်ငံ အနောက်ဘက်ရှိ ဇွာရာမြို့၌ လာရောက် ကမ်းတင်နေကြောင်း လစ်ဗျား ရေတပ် ပြောရေးဆိုခွင့်ရှိသူက ဇွန်လ ၃ ရက်က ထုတ်ဖော် ပြောကြားလိုက်သည်။

ပုံမှန်အားဖြင့် ဥရောပသို့ တရားမဝင် ရွှေ့ပြောင်းဒုက္ခသည်များအား သယ်ဆောင်သည့် လှေများတွင် လူဦးရေ ၁၂၅ ဦးအထိ တင်ဆောင်တတ်သည့်အတွက် အဆိုပါ သေဆုံးသူ အရေအတွက်မှာ တိုးမြင့်လာဖွယ်ရှိကြောင်း အာရော့ ကက်ဆန်က ပြောသည်။

ရွှေ့ပြောင်း ဒုက္ခသည်အရေးနှင့် ပတ်သက်၍ အစိုးရ အဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ ၏ ထိရောက်စွာ အပြစ်ပေးမှု၊ အရေးယူမှုများ မရှိခြင်းအတွက်လည်း ဇွာရာ မြူနီစီပယ် ကောင်စီက ပြစ်တင် ရှုတ်ချခဲ့သည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်ကြီးရုံး၏ စာရင်းအရ ယခု ရက်သတ္တပတ်အတွင်း အနည်းဆုံး ဥရောပသို့ သွားရာလမ်းကြောင်း၌ သေဆုံးသွားသည့် ရွှေ့ပြောင်းဒုက္ခသည်ဦးရေ အနည်းဆုံး ၈၈၀ ရှိကြောင်း သိရသည်။

လစ်ဗျားနိုင်ငံအတွင်း တည်ငြိမ်မှုမရှိခြင်းနှင့် မလုံခြုံခြင်းများအား အခွင့်ကောင်းယူ၍ လူမှောင်ခိုကူးသူများသည် ရွှေ့ပြောင်းဒုက္ခသည် ထောင်နှင့်ချီ၍ ဥရောပသို့ ပို့ဆောင်လျက်ရှိသည်။

ထောင်နှင့်ချီသော ရွှေ့ပြောင်းဒုက္ခသည်များကလည်း မြေထဲပင်လယ်ကို ဖြတ်ကူးကာ လစ်ဗျားမှ ဥရောပသို့ သွားရောက်ရန် ရွေးချယ်ကြသလို အများစုမှာ လမ်းခရီး၌ပင် သေဆုံးခဲ့ကြသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117