Connect with us

Africa & Middle East

လစ်ဗျားနိုင်ငံ မြို့တော်ထရီပိုလီတွင် တိုက်ပွဲများကြောင့် ကျောင်းသားကျောင်းသူ ၁သိန်း ၂ သောင်းခန့် စာသင် ရပ်နားခဲ့ရ

လစ်ဗျားနိုင်ငံ ထရီပိုလီမြို့တွင် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေစဉ် (ဆင်ဟွာ)

ထရီပိုလီ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ)

ဧပြီ လဆန်းပိုင်းမှစ၍ လစ်ဗျားနိုင်ငံ မြို့တော် ထရီပိုလီ တောင်ပိုင်းတွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလျက်ရှိရာ အနည်းဆုံး ဒေသခံကျောင်းသားကျောင်းသူ ၁ သိန်း၂သောင်း စာသင်ရပ်နားခဲ့ရကြောင်း ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) လစ်ဗျားအခြေစိုက်ရုံးမှ ဇွန် ၉ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေမှုကြောင့် လစ်ဗျားအစိုးရက လုံခြုံရေးအတွက် တိုက်ပွဲဂယက်ရိုက်ခတ်ရာနေရာများရှိ စာသင်ကျောင်းများကို ပိတ်ထားရန် တောင်းဆိုခဲ့ရာ ကျောင်းသားကျောင်းသူ ၁ သိန်း ၂ သောင်းခန့် စာသင်ရပ်နားထားရကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့အပြင် ထရီပိုလီမြို့ အခြားနေရာများရှိစာသင်ကျောင်းများတွင်လည်း ပညာသင်ကြားရေးအစီအစဉ်အပြောင်းအလဲရှိနေသလို အုပ်ထိန်းသူမိဘများကလည်း စိုးရိမ်ကြောင့်ကြမှုများကြောင့် ကလေးများကို ကျောင်းမတက်ခိုင်းခြင်းများရှိနေကြောင်း သိရသည်။

UNICEFအနေဖြင့် လစ်ဗျား ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းကာ ကျောင်းသားကျောင်းသူများအား ကူညီထောက်ပံ့မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။

လစ်ဗျား အမျိုးသားတပ်မတော်သည် ဧပြီ ၄ ရက်မှစ၍ ထရီပိုလီကို စစ်ရေးလှုပ်ရှားမှုများ စတင်ပြုလုပ် ခဲ့ရာ ၎င်းမြို့အား ထိန်းချုပ်ထားသည့် လစ်ဗျား အမျိုးသားညီညွတ်ရေးအစိုးရတပ်ဖွဲ့များနှင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ လစ်ဗျားအခြေစိုက်ရုံး၏ ထုတ်ပြန် သည့် ကိန်းဂဏန်းများအရ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများကြောင့် သေဆုံးသူ ၆၀၀ ကျော်၊ ဒဏ်ရာရသူ ၃၀၀၀ကျော် ရှိပြီဖြစ်ပြီး စစ်ဘေးကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူ ၆၀၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။

လစ်ဗျားနိုင်ငံသည် ၂၀၁၁ ခုနှစ်တွင် မွတ်မာကဒါဖီအစိုးရအဖွဲ့ ဖြုတ်ချခံရပြီးနောက် နိုင်ငံအတွင်း မငြိမ်မသက်မှုများဖြစ်ပွားခဲ့ရာ လက်ရှိတွင် အင်အားနှစ်ခု ကွဲထွက်နေ ပြီး ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားနေသလို နေရာအမြောက်အမြားတွင် မင်းမဲ့အနေအထားဖြစ်နေသည်။ လစ်ဗျားနိုင်ငံ အမျိုးသား ညီညွတ်ရေးအစိုးရနှင့် ၎င်းတို့အား ထောက်ခံသည့် လက်နက်ကိုင်အင်အားစုမှာ အနောက်ပိုင်းဒေသအချို့ကို ထိန်းချုပ်ထားပြီး အောက်လွှတ်တော် အဖွဲ့က လစ်ဗျားနိုင်ငံ အရှေ့ပိုင်းရှိ Tobruk မြို့တွင် အစိုးရဖွဲ့၍ Khalifa Haftar ဦးဆောင်သည့် အမျိုးသားတပ်မတော် နှင့်ပူးပေါင်းကာ လစ်ဗျားအရှေ့ပိုင်း၊အလယ်ပိုင်း ဒေသများ၊ တောင်ပိုင်းရှိ အဓိက မြို့များနှင့် အနောက်ပိုင်းရှိမြို့ အချို့ကို ထိန်းချုပ်ထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117