Connect with us

Africa & Middle East

ဟောမုဇ်ရေလက်ကြားတွင် ဗြိတိန်ရေနံတင်သင်္ဘောအား ဖမ်းဆီးခဲ့ကြောင်း အီရန်ပြောကြား

ဗြိတိန်ရေနံတင်သင်္ဘော Stena Impero အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

တီဟီရန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ အစ္စလာမ်မစ် တော်လှန်ရေးကမ်းခြေစောင့်တပ်ဖွဲ့ (IRGC) က ဟောမုဇ်ရေလက်ကြားတွင် ဗြိတိန်ရေနံတင်သင်္ဘော Stena Impero အား ဇူလိုင်လ ၁၉ ရက်က ဖမ်းဆီးခဲ့ကြောင်း IRGC ကြေညာချက်အရ သိရသည်။

“ဗြိတိန်သင်္ဘောက ဟောမုဇ်ရေလက်ကြားကိုဖြတ်ကျော်စဉ်မှာ နိုင်ငံတကာပင်လယ်ရေကြောင်းဥပဒေများကို လိုက်နာရန် ပျက်ကွက်တဲ့အတွက် ဖမ်းဆီးခြင်းခံခဲ့ရတယ်” ဟု IRGC ပြည်သူ့ဆက်ဆံရေးမှ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ ရေနံတင်သင်္ဘောအား ဥပဒေကြောင်းအရ လုပ်ထုံးလုပ်နည်းများ ထပ်မံလုပ်ဆောင်ရန် အီရန်နိုင်ငံ ကမ်းရိုးတန်းရှိ Hormozgan Ports နှင့် ပင်လယ်ရေကြောင်းဆိုင်ရာအဖွဲ့အစည်းထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း ကြေညာချက်အရ သိရသည်။

ယခုလအစောပိုင်းကလည်း Gibraltar ရေလက်ကြားတွင် အီရန်သင်္ဘောတစ်စင်းအား ဗြိတိန် တော်ဝင်ရေတပ်က ဖမ်းဆီးခဲ့ကြောင်း၊ ယင်းသင်္ဘောမှာ “အီးယူ ပိတ်ဆို့မှုများအားချိုးဖောက်ကာ” ဆီးရီးယားနိုင်ငံသို့ သွားရောက်ခြင်းကြောင့် ဖမ်းဆီးရခြင်းဖြစ်ကြောင်း ဗြိတိန်က ပြောခဲ့သည်။

အီရန်နိုင်ငံအနေဖြင့် ဗြိတိန်နိုင်ငံက ဖမ်းဆီးမိထားသည့် အီရန်ရေနံတင်သင်္ဘောအား မလွှတ်ပေးသည့်ကိစ္စအပေါ် လက်တုံ့ပြန်ရန် ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.