Connect with us

Africa & Middle East

အာဖဂန်နစ္စတန် အနောက်ပိုင်းတွင် ခရိုင်ရဲချုပ် အသတ်ခံရ

အာဖဂန်နစ္စတန်နိုင်ငံရှိ စစ်ဆေးရေးဂိတ် တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဖာရာ၊ အာဖဂန်နစ္စတန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဖာရာပြည်နယ်တွင် သောင်းကျန်းသူများက ညဘက် ချုံခိုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ခရိုင်ရဲချုပ်တစ်ဦး သေဆုံးသွားခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ဇန်နဝါရီလ ၂ ရက်က ပြောကြားခဲ့သည်။

“တာလီဘန် သောင်းကျန်းသူတွေရဲ့ ချုံခိုတိုက်ခိုက်မှုလုပ်ခဲ့တာကို ပြန်လည်တုံ့ပြန်တဲ့ ပစ်ခတ်မှုတွေ ဖြစ်ခဲ့တဲ့ နေရာမှာပဲ ဇန်နဝါရီလ ၁ ရက်ညနှောင်းပိုင်းက ပစ်ခတ်မှုအတွင်း Pusht Rod ခရိုင် ရဲချုပ် Mohammad Ibrhim သေဆုံးသွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်” ဟု ပြည်နယ် ရဲတပ်ဖွဲ့ ပြောခွင့်ရု ပုဂ္ဂိုလ် Iqbal Bahir က ဆင်ဟွာသို့ ပြောခဲ့သည်။

မြို့တော် ကဘူးလ်မှ ၆၉၅ ကီလိုမီတာအကွာက ပြည်နယ်မြို့တော် ဖာရာ မြောက်ဘက်ရှိ ခရိုင်အတွင်း လုံခြုံရေးစစ်ဆေးရေးဂိတ်များအား Ibrahim က ကြည့်ရှုစစ်ဆေးနေစဉ် ယခုကဲ့သို့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဒဏ်ရာရသူများအား ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

၂၀၀၁ ခုနှစ်က စစ်သွေးကြွများအဖြစ် အာဖဂန်နိုင်ငံမှ ထုတ်ပြန်ခြင်းခံထားရသော တာလီဘန်စစ်သွေးကြွများသည် လက်နက်ကိုင် သောင်းကျန်းမှုများ ထပ်မံပြုလုပ်လာခဲ့ပြီး အစိုးရတပ်ဖွဲ့များနှင့် အရပ်သားများအား သတ်ဖြတ်ခဲ့သည်။

အာဖဂန်နှင့် မဟာမိတ်များကတပ်ဖွဲ့များက တာလီဘန်နှင့် အိုင်အက်စ်များအား ရှင်းလင်းသုတ်သင်ရေး စစ်ဆင်ရေးများ ဆက်လက်ပြုလုပ်လျက်ရှိနေရာမှ ယခုကဲ့သို့ တိုက်ခိုက်မှုဖြစ်ပေါ်လာရခြင်း ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117