Connect with us

Africa & Middle East

ထရမ့်၏တွစ်တာပေါ်ရေးသားချက်နှင့်ပတ်သက်၍ ပါကစ္စတန်နိုင်ငံက အမေရိကန်သံအမတ်ထံ စာပေးပို့

ပါကစ္စတန်နိုင်ငံနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်၏ တွစ်တာလူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားချက်အားတွေ့ ရစဉ်(ဆင်ဟွာ)

အစ္စလာမ်မာဘတ် ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ)

အကြမ်းဖက်ဝါဒတိုက်ဖျက်မှုတွင် ပါကစ္စတန်နိုင်ငံ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ သံသယရှိသည်ဟု အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်၏ တွစ်တာလူမှုကွန်ရက်စာမျက်နှာပေါ် ရေးသားချက်အပေါ် ပါကစ္စတန်နိုင်ငံက ဆန့်ကျင်ကြောင်း စာတစ်စောင်ကို အမေရိကန်သံအမတ်ထံ ဇန်နဝါရီလ ညနေပိုင်းက ပေးပို့ခဲ့ကြောင်း ဒေသတွင်းမီဒီယာက ရေးသားဖော်ပြခဲ့သည်။

ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် Shahid Khaqan Abbasi က အရပ်ဖက် နှင့် စစ်ဖက်ခေါင်းဆောင်များအကြား တွေ့ဆုံဆွေးနွေးပြီးနောက် ပါကစ္စတန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန်က ပါကစ္စတန်နိုင်ငံဆိုင်ရာအမေရိကန်သံအမတ်David Hale အား ဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က ၎င်း၏ တွစ်တာလူမှုကွန်ရက်စာမျက်နှာတွင် “ ပြီးခဲ့သော ၁၅ နှစ်တာကာလတွင်း အမေရိကန်နိုင်ငံက ရူးမိုက်စွာနဲ့ပါကစ္စတန်နိုင်ငံကို အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံကျော် ထောက်ပံ့ခဲ့တယ်။ဒါပေမယ့် သူတို့ကကျွန်တော်တို့ကို ဘာမှ ပြန်မပေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံခေါင်းဆောင်တွေကို အရူးတွေလို့တွေးထင်ပြီး လိမ်ညာမှုတွေ နဲ့ လှည့်စားမှုတွေ ကိုပေးခဲ့တယ် ” ဟု ရေးသားဖော်ပြခဲ့သည်။

ထို့ပြင် ဒေါ်နယ်ထရမ့်က “ အကူအညီနည်းနည်းပေးပြီး အာဖဂန်မှာ ကျွန်တော်တို့ကို ထိခိုက်အောင် သူတို့ဟာ အကြမ်းဖက်သမားတွေကို လုံခြုံအောင်လုပ်ပေးခဲ့တယ်။ဒီထက်မပိုဘူး” ဟုရေးသားခဲ့သည်။

အဆိုပါ ထရမ့်၏ မှတ်ချက်စကားအပေါ် ပါကစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး Tehmina Janjua က အမေရိကန်သံအမတ်ထံ စာပေးပို့ခဲ့ခြင်းဖြစ်သည်။ စစ်သွေးကြွအုပ်စုများကိုခွဲခြားသတ်မှတ်ခြင်းမပြုဘဲ အားလုံးကို အရေးယူမှုများ ပြုလုပ်နေကြောင်း နှင့် ပါကစ္စတန်နိုင်ငံ၏ စွန့်လွှတ်အနစ်နာခံမှုမှာ မျက်ကွယ်ပြုခြင်းခံနေရဆဲဖြစ်ကြောင်း အမေရိကန်သံအမတ်အားပြောကြားခဲ့သည်ဟု ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးက သတင်းသမားများအားပြောကြားခဲ့သည်။

ဒေါ်နယ်ထရမ့်၏ တွစ်တာ၌ရေးသားချက်အပေါ် ပါကစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Khawaja နှင့် အတိုက်အခံခေါင်းဆောင်များက ဒေါသတစ်ကြီး တုံ့ပြန်ခဲ့ပြီး အာဖဂန်နစ္စတန်နိုင်ငံ၌ အမေရိကန်၏ ကျဆုံးနေမှုကို ပါကစ္စတန်နိုင်ငံအား လိမ်ညာလှည့်စား ပြစ်တင်ပြောဆိုနေခြင်းသာဖြစ်ကြောင်း ဆိုခဲ့ကြသည်။(Xinhua)