Connect with us

Africa & Middle East

အမေရိကန်ဦးဆောင်သော လေကြောင်းတိုက်ခိုက်မှုများကြောင့် ဆီးရီးယားပြည်သူ ၄၀ဦးသေဆုံး

အမေရိကန်ဦးဆောင်သော မဟာမိတ်တပ်ပေါင်းစု က ဆီးရီးယားရှိ IS စစ်သွေးကြွများအား လေကြောင်းတိုက်ခိုက်မှုများပြုလုပ်စဉ် (ဆင်ဟွာ)

ဒမက်စကက်စ်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

အမေရိကန်ဦးဆောင်သော မဟာမိတ်တပ်ပေါင်းစု သည် ဆီးရီးယားနိုင်ငံအရှေ့ပိုင်း Deir al-Zour ပြည်နယ် ရှိ ရွာတစ်ရွာ အား တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သား ၄၀ဦးသေဆုံးသွားခဲ့ကြောင်း နိုင်ငံပိုင်သတင်းဋ္ဌာန SANA က ဇွန်လ ၂၈ ရက်တွင် ဖော်ပြခဲ့သည်။

Deir al-Zour ပြည်နယ် အစွန်အဖျားရှိ Dablan ရွာကို အမေရိကန်ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့များက ပစ်မှတ်ထား တိုက်ခိုက်ခဲ့၍ သေဆုံးခဲ့သူများအနက် အများစု မှာ အမျိုးသမီးများ နှင့် ကလေးငယ်များဖြစ်ကြောင်း SANA ကဖော်ပြခဲ့သည်။

ယင်းတိုက်ခိုက်မှုသည် Deir al-Zour ပြည်နယ် Mayadeen မြို့အရှေ့ပိုင်း ရှိ IS စစ်သွေးကြွတို့ ထိန်းချုပ်ထားသော အကျဉ်းထောင်တစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး နောက်တစ်ရက်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ အကျဉ်းထောင်တိုက်ခိုက်မှုကြောင့် လူ၅၇ဦးသေဆုံးခဲ့ပြီး သေဆုံးသူများအနက် ထက်ဝက်မှာ အရပ်သားများဖြစ်ကြောင်း သိရသည်။

အမေရိကန်ဦးဆောင်သော မဟာမိတ်တပ်ပေါင်းစု က ကာ့ဒ်လူမျိုး အများစုပါသည့် ဆီးရီးယားဒီမိုကရက်တစ် တပ်ဖွဲ့အား အထောက်အပံ့ပေးရန်အတွက် မကြာသေးမီက Raqqa နှင့် Deir al-Zour ပြည်နယ်များရှိ IS တို့၏ တည်နေရာများကို လေကြောင်း တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

သို့သော် ယင်းလေကြောင်းတိုက်ခိုက်မှုများ၏ အကျိုးဆက်အဖြစ် အရပ်သားများသေဆုံးမှုသည် နေ့စဉ်တိုးများလာကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.