Connect with us

Africa & Middle East

ဆီးရီးယားတွင် ပထမဆုံး အမျိုးသမီး လွှတ်တော် ဥက္ကဋ္ဌ အားရွေးချယ် တင်မြှောက်

ဆီးရီးယား၏ ပထမဆုံး အမျိုးသမီး လွှတ်တော် ဥက္ကဋ္ဌ Hadiyeh al-Abbas အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဒမတ်စကတ်၊ ဇွန် ၇ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ၏ အနိုင်ရ al-Baath ပါတီ အဖွဲ့ဝင် တစ်ဦး ဖြစ်သူ Hadiyeh al-Abbas အား ဇွန်လ ၆ ရက် က ဆီးရီးယားနိုင်ငံ ၏ လွှတ်တေ်ာ ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခဲ့ပြီး နိုင်ငံ၏ သမိုင်းတွင် ပထမဆုံး အမျိုးသမီး လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာကြောင်း သိရသည်။

al-Abbas အား လွှတ်တော်သစ်၏ ပထမဆုံး ကျင်းပသည့် အစည်းအဝေးပွဲ၌ ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက် ခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံပိုင် SANA သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။
SANA က al-Abbas သည် ဆီးရီးယား လွှတ်တော် စတင် ဖွဲ့စည်းခဲ့သည့် ၁၉၁၉ ခုနှစ် မှ ယနေ့ အထိ ရွေးချယ် တင်မြှောက်ခဲ့သည့် လွှတ်တော်ဥက္ကဋ္ဌများ အနက် ပထမဆုံး အမျိုးသမီး ဥက္ကဋ္ဌ ဖြစ်ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။
Al-Abbas အား ၁၉၅၈ ခုနှစ်တွင် ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း Deir al-Zour ပြည်နယ်တွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ Aleppo မြို့ရှိ တက္ကသိုလ် တစ်ခုမှ လယ်ယာ စိုက်ပျိုးရေး ဆိုင်ရာ အင်ဂျင်နီယာ ပရော်ဖက်ဆာဘွဲ့ကို ရရှိထားကြောင်း လည်းသိရသည်။
၎င်းသည် လွှတ်တော် အမတ်အဖြစ် ၂၀၀၃ ခုနှစ် မှ ၂၀၀၇ ခုနှစ် အတွင်း တာဝန် ထမ်းဆောင်ခဲ့ကြောင်း သိရသည်။
၎င်း၏ ရွေးချယ်တင်မြှောက်ခံရမှုသည် နိုင်ငံ၏ ငါးနှစ်တာ ပဋိပက္ခများ အတွင်း ဆီးရီးယား၏ သမိုင်းကြောင်း ပြောင်းလဲမှု တစ်ရပ်အဖြစ် သတ်မှတ်နိုင်ကြောင်းသိရသည်။
ဆီးရီးယားနိုင်ငံ၏ လွှတ်တော် ရွေးကောက်ပွဲအား လွန်ခဲ့သည့် ဧပြီလတွင် အစိုးရက ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ကျင်းပခဲ့ခြင်း ဖြစ်ပြီး အတိုက်အခံ အုပ်စုများက သပိတ်မှောက် နေသည့်ကြားကပင် လွှတ်တော်နေရာ ၂၅၀ အတွက် အမတ်လောင်း ၃,၅၀၀ ခန့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.