Connect with us

Africa & Middle East

ဆူဒန်တွင် ရာသီဥတု ဆိုးရွားမှုကြောင့် ယာဉ်တိုက်မှုဖြစ် ၊ ၃၂ ဦးသေ

ဆူဒန်နိုင်ငံတွင် ယာဉ်မတော်တဆမှု တစ်ခုကြောင့် သေဆုံးသွားသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆူဒန်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

ဆူဒန်နိုင်ငံ အရှေ့ပိုင်းရှိ ဆူဒန် ဆိပ်ကမ်းမြို့နှင့် မြို့တော် Khartoum အား ဆက်သွယ်ပေးထားသည့် လမ်းမကြီးတွင် ဇွန်လ ၉ ရက် က ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့၍ ၃၂ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း Sudan tribune က သတင်း ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်၌ မတော်တဆ ဖြစ်ရပ်သည် မြို့တော် Khartoum မှ ၅၃၀ ကီလိုမီတာ အကွာရှိ Al-Rawjal ဧရိယာတွင် ဖြစ်ပွားခဲ့ကြောင်း ပါရှိသည်။
မတော်တဆ ဖြစ်ပွားပုံမှာ ဘာသာရေး အခမ်းအနား တက်ရောက်ရန် ဆော်ဒီအာရေဗျသို့ သွားရောက်မည့် ခရီးသည်များကို တင်ဆောင်လာသော ခရီးသည်တင် ဘတ်စ်ကား တစ်စီးနှင့် ဆီတင်ကား တစ်စီးတို့ တိုက်မိခြင်း ဖြစ်သည်။
မျက်မြင်သက်သေများ၏ ပြောကြားချက်အရ ထိုအချိန်တွင် ရာသီဥတု ဆိုးရွားနေပြီး မြင်နိုင်စွမ်းအား နည်းပါးနေ၍ ယာဉ်တိုက်မှု ဖြစ်ပွားရခြင်း ဖြစ်ကြောင်း သိရသည်။
ဆူဒန်နိုင်ငံ ယာဉ်ထိန်းရဲ အထွေထွေ အုပ်ချုပ်ရေးဋ္ဌာနက ၂၀၁၅ ခုနှစ်တွင် ယာဉ်တိုက်မှုကြောင့် လူပေါင်း ၁,၆၆၂ ဦး သေဆုံးခဲ့ကြောင်း ဇန်နဝါရီလတွင် ပြောကြားခဲ့သည်။
ဆူဒန်နိုင်ငံ ပြည်ထဲရေး ဝန်ကြီး ဋ္ဌာနက နိုင်ငံ အတွင်း၌ ယာဉ်တိုက်မှုများ လျော့ကျစေရန် အဝေးပြေး လမ်းမကြီးများတွင် အရှိန်နှုန်း တိုင်းတာသည့် ရေဒါများ တပ်ဆင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.