Connect with us

Africa & Middle East

တရုတ် နိုင်ငံ မှ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ သို့ စားနပ်ရိက္ခာများ လှူဒါန်းကာ ကင်ညာ နိုင်ငံအတွင်း ရှိ ဒုက္ခသည်များကို ကူညီခဲ့

ကင်ညာ နိုင်ငံ ဒုက္ခသည် စခန်းမှ ဒုက္ခသည် များကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

နိုင်ရိုဘီ ၊ ဇွန် ၈ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့သည် ဇွန်လ ၇ ရက်နေ့က ကင်ညာနိုင်ငံ မြောက်ပိုင်း Kakuma ဒုက္ခသည် စခန်းတွင် စားနပ်ရိက္ခာ လှူဒါန်းမှု လက်ခံပွဲ အခမ်းအနား ကို ကျင်းပ ပြုလုပ်ခဲ့ပြီး တရုတ် နိုင်ငံ အစိုးရ မှ လှူဒါန်းသည့် ပြောင်းဖူး နှင့် ကောက်ပဲသီးနှံ စုစုပေါင်း တန်ချိန် ၉၀၀၀ ကိုလက်ခံ ရရှိခဲ့ပြီး ကင်ညာ နိုင်ငံ အတွင်းရှိ ဒုက္ခသည်များကို ကူညီထောက်ပံ့ပေး သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ ကင်ညာ နိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် Anna Lisa က တရုတ် နိုင်ငံ အစိုးရ မှ ယခု အကြိမ် လှူဒါန်းပေးခဲ့သည့် စားနပ်ရိက္ခာများသည် ကင်ညာ နိုင်ငံ အတွင်းရှိ ဒုက္ခသည် ၄၂၀,၀၀၀ ခန့် အတွက် အကျိုးရှိစေမည် ဖြစ်ပြီး တရုတ် နိုင်ငံ အစိုးရ ၏ ယခု ကဲ့သို့သော ရက်ရောစွာ ကူညီထောက်ပံ့မှု အတွက် လွန်စွာ ကျေးဇူးတင်ကြောင်း ၊ ဒုက္ခသည် ကိစ္စရပ်များ နှင့် ပတ်သက်၍ တရုတ် နိုင်ငံ နှင့် ပိုမိုတိုးမြှင့်ကာ ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

ကင်ညာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး လျိုရှန်ဖွာ (Liu Xianfa) က အခမ်းအနားတွင် ဒုက္ခသည် ပြဿနာ သည် နိုင်ငံတကာ အသိုင်းအဝိုင်းမှ အလေးထားသည့် ကိစ္စရပ် တစ်ခုဖြစ်ပြီး တရုတ် နိုင်ငံ အစိုးရ အနေဖြင့် အစဉ်အလာ အတိုင်း ဒုက္ခသည်များကို အတတ်နိုင်ဆုံး ကူညီထောက်ပံ့မှုများဆောင်ရွက်ပေး ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ ၏ စာရင်းပြုစုချက်အရ လက်ရှိချိန်တွင် ကင်ညာ နိုင်ငံ တွင် ဒုက္ခသည် ပေါင်း ၆ သိန်းကို လက်ခံထားခဲ့ပြီး အာဖရိက တွင် ဒုက္ခသည်များကို ဒုတိယ အများဆုံး လက်ခံထားသည့် နိုင်ငံ ဖြစ်ကြောင်း ၊ ဒုက္ခသည် အများစုမှာ ဆိုမာလီ နိုင်ငံ နှင့် တောင်ဆူဒန် နိုင်ငံ တို့မှ ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.