Connect with us

Africa & Middle East

တူရကီနိုင်ငံ၏ စစ်ဆင်ရေးက ဆီးရီးယားကိုခွဲထုတ်ရန်မဟုတ်ဟုဆို

တူရကီနိုင်ငံ သမ္မတ ရီဆက်တေရစ် အာဒိုဂန် ကို တွေ့ရစဉ်(ဆင်ဟွာ)

အစ္စတန်ဘူလ်၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ)

တူရကီနိုင်ငံ သမ္မတ ရီဆက်တေရစ် အာဒိုဂန် က တူရကီတပ်ဖွဲ့များဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင်ပြု လုပ်နေသောစစ်ဖက်စစ်ဆင်ရေးက ထိုဒေသရှိပြည်သူအားလုံး၏အခွင့်အရေးများကိုကာကွယ် မှုပြုရန် သာဖြစ်၍ ဆီးရီးယားနိုင်ငံအားပိုင်းခြားခွဲထုတ်ရန်မဟုတ်ပါကြောင်း အောက်တိုဘာလ ၁၁ ရက်ကပြော ကြားခဲ့ကြောင်းသိရသည်။

သမ္မတ အာဒိုဂန် က အစ္စတန်ဘူလ်မြို့၌တွေ့ဆုံပွဲအခမ်းအနားတစ်ခုတွင်တူရကီတပ်ဖွဲ့များ၏အကြမ်း  ဖက်မှုဆန့်ကျင်ရေးစစ်ဆင်ရေး က အာရပ်၊ကာ့ဒ်၊အိဇဒီး(Ezidis) နှင့်ချာလ်ဒင်(Chaldeans) လူမျိုးများ အပါအဝင်ဆီးရီးယားနိုင်ငံမြောက်ပိုင်းရှိပြည်သူများ၏ အခွင့်အရေးများကိုကာကွယ်ရန်သာဖြစ်၍ ဆီးရီး ယားနိုင်ငံ ကို ပိုင်းခြားခွဲထုတ်ရန်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

၎င်းကအဆိုပါစစ်ဆင်ရေးက တူရကီနိုင်ငံနယ်စပ်လုံခြုံရေးကိုအာမခံနိုင်မည်ဖြစ်ကာ ယူဖရေးတီးမြစ်၏ အရှေ့ဘက်ခြမ်းရှိ အကြမ်းဖက်အုပ်စုများအားရှင်းလင်းခြင်းဖြင့် ဆီးရီးယားဒုက္ခသည်များလုံခြုံစိတ်ချမှု ရှိစွာ နေရပ်သို့ပြန်လည်အခြေချနိုင်မည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

တူရကီအစိုးရက တရားမဝင်ကြေညာထားသည့်ကာဒစ်စတန်အလုပ်သမားပါတီ ၏အစွယ်အပွားတစ် ခု အဖြစ် သတ်မှတထားသည့် ကာ့ဒ်စစ်သွေးကြွများကိုရှင်းလင်းရန်အတွက် တူရကီတပ်ဖွဲ့များက ဆီး ရီးယားနိုင်ငံမြောက်ပိုင်းတွင် အောက်တိုဘာလ ၉ ရက်၌ Peace Spring စစ်ဆင်ရေးကိုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.