Connect with us

Africa & Middle East

ဆီရီးယားထံ ကန်ဒေါ်လာ ၁၆ သန်း လူသားချင်းစာနာထောက်ထားမှု အကူအညီများ တရုတ် လှူဒါန်းမည်

ဆီးရီးယား အလံ ဝှေ့ယမ်းနေသည့် အမျိုးသား တစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ဒမတ်စကက်စ်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ယွမ်ငွေ ၁၁၀ သန်း (အမေရိကန် ဒေါ်လာ ၁၆ သန်း) တန်ဖိုးရှိသော လူသားချင်းစာနာထောက်ထားမှု အကူအညီများအား နှစ်သုတ်ခွဲကာ ဆီးရီးယားသို့ ပေးအပ်သွားမည့် သဘောတူညီချက် နှစ်ခုအား တရုတ်နိုင်ငံ သံရုံးနှင့် ဆီးရီးယားနိုင်ငံ စီမံကိန်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် (ICC) တို့က ဖေဖော်ဝါရီလ ၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ သဘောတူညီချက်များအား ဆီးရီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Qi Qianjin နှင့် ICC ဥက္ကဋ္ဌ Imad Sabuni တို့က လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပြီး ယင်း အကူအညီများအား မကြာမီ ပေးအပ်သွားမည် ဖြစ်ကြောင်း Qi က ပြောသည်။

တရုတ်နိုင်ငံ အနေဖြင့် စစ်ဘေးဒဏ်သင့်နေသည့် ဆီးရီးယားသို့ ကူညီထောက်ပံ့ရန် လွန်ခဲ့သော နှစ်အနည်းငယ်ကျော်အကြာက ကတိပြုထားသည့်အတိုင်း လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ပေးအပ်ခွင့်ရသည့်အတွက် ဝမ်းသာကြောင်း၊ တရုတ်နှင့် ဆီးရီးယား နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရန် ရည်ရွယ်ကာ ယခုလို လက်မှတ်ရေးထိုးရခြင်း ဖြစ်ကြောင်း ဒမတ်စကက်စ်မြို့ ICC ရုံးချုပ်တွင် ပြုလုပ်သော လက်မှတ်ရေးထိုးပွဲ အခမ်းအနား၌ Qi က ပြောသည်။

လက်ရှိတွင် အထူးသဖြင့် ဆီးရီယားနိုင်ငံ မြောက်ပိုင်း အလက်ပိုမြို့တွင် ဆီးရီးယား စစ်တပ်က အနိုင်ယူခဲ့ပြီးနောက် အကောင်းဘက်သို့ တိုးတက်လျက်ရှိသည်ဟု သံအမတ်ကြီးက ထောက်ပြ ပြောဆိုခဲ့သလို ၂၀၁၇ ခုနှစ်သည် ဆီးရီးယားနိုင်ငံသို့ ငြိမ်းချမ်းရေး ပြန်လည် ယူဆောင်လာနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.