Connect with us

Africa & Middle East

ဓာတ်ငွေ့ လုပ်ကွက်များ လေ့လာရန် အီရန်၊ မလေးရှား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး

ပါရှားပင်လယ်ကွေ့ရှိ ရေနံ ထုတ်လုပ်သည့် စက်ရုံ တစ်ခုမှ ဂတ်စ်မီးတောက်နှင့် အီရန် အလံ လွှင့်တင်ထားသည်ကို တွေ့ရစဥင်္ (ဆင်ဟွာ)

တီဟီရန်၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံရှိ ဂိုလ်ရှန် နှင့် ဖာဒိုစီ သဘာဝ ဓာတ်ငွေ့ လုပ်ကွက်များတွင် လေ့လာရန်အတွက် မလေးရှားနိုင်ငံ Bukhary International Ventures (BIV) နှင့် အီရန်နိုင်ငံ National Iranian Oil Company (NIOC) တို့က နားလည်မှု စာချွန်လွှာကို ဖေဖော်ဝါရီလ ၈ ရက်တွင် လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

သဘာဝ ဓာတ်ငွေ့များ ရရှိရေးနှင့် ကုန်းပေါ်ရှိ စက်ရုံများသို့ လွှဲပြောင်းရေး စသည်တို့အား BIV က လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကုမ္ပဏီကိုယ်စား လက်မှတ်ရေးထိုးခဲ့သော NIOC ၏ဖွံ့ဖြိုးရေးနှင့် အင်ဂျင်နီးယားရင်း ဒုတိယ တာဝန်ခံ Gholamreza Manouchehri က ပြောသည်။
အဆိုပါ လေ့လာမှု ရလဒ်အား BIV က စာချုပ်ပါအတိုင်း ၇ အတွင်း တင်ပြရမည် ဖြစ်သည်။
ဂိုလ်ရှန် နှင့် ဖာဒိုစီ သဘာဝ ဓာတ်ငွေ့ လုပ်ကွက်များသည် NIOC က လတ်တလော ရှာဖွေတွေ့ရှိထားသည့် လုပ်ကွက်များ ဖြစ်ပြီး ပါရှားပင်လယ်ကွေ့တွင် ကမ်းခြေမှ ၆၅ ကီလိုမီတာ၊ ၈၅ ကီလိုမီတာ အသီးသီး ကွာဝေးသည့်နေရာတွင် တည်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.