Connect with us

Africa & Middle East

အီရတ်တပ်ဖွဲ့ဝင်များက အသေခံဗုံးခွဲသမား ၁၂ဦးအား ဗုံးဖောက်ခွဲမှု မပြုလုပ်ခင် သုတ်သင်နိုင်ခဲ့

အီရတ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဆင်ဟွာ)

တီကရစ်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံ မြောက်ဘက်အလယ်ပိုင်း ရှိ ဆာလာဟူဒင်ပြည်နယ် တွင် ဇွန်လ ၂၁ ရက် က အသေခံဗုံးခွဲသမား ၁၂ဦး အား ဗုံးဖောက်ခွဲမှု မပြုလုပ်ခင် အီရတ်နိုင်ငံ လုံခြုံရေး တပ်ဖွဲ့ဝင်များက သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူးကပြောကြားခဲ့သည်။

ထောက်လှမ်းရေးသတင်းများအရ အီရတ်တပ်ဖွဲ့ဝင်များသည် မြို့တော် ဘဂ္ဂဒက်မြို့ မြောက်ဘက် ၂၀၀ကီလိုမီတာခန့်အကွာ ရှိ အယ်ဆာလန် ရွာ အနီး၌ အသေခံဗုံးခွဲသမားဟု ယူဆရသူ ၁၂ဦးအား ချုံခိုတိုက်ခိုက်ခဲ့ကြောင်း ဆာလာဟူဒင် ပြည်နယ်အုပ်ချုပ်ရေးမှူး အာမက် အဗ္ဗဒူလာ အယ်ဂျူဘော်ရီ က သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။

ဂျူဘော်ရီ က တပ်ဖွဲ့ဝင်များ နှင့် အသေခံဗုံးခွဲသမားများဟု ယူဆရသူများအကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ၎င်းတို့အားလုံးကို သုတ်သင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဆာလာဟူဒင်ပြည်နယ် ၏ မြို့များ နှင့် ရွာများ အပေါ် IS စစ်သွေးကြွတို့၏ တိုက်ခိုက်မှုများ မြင့်တက်လာခြင်းကို တန်ပြန်တိုက်ခိုက်ရန် ပြည်နယ် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ထောက်ပံ့ပေးရန် ဘဂ္ဂဒက်မြို့ ဗဟိုအစိုးရ ထံမှ စစ်ရေးအထောက်အပံ့များ နောက်ထပ် လိုအပ်ကြောင်း ဂျူဘော်ရီ က ပြောကြားခဲ့သည်။

IS ဆန့်ကျင်ရေး နိုင်ငံတကာ မဟာမိတ်တပ်ပေါင်းစု ၏ အထောက်အပံ့ရရှိထားသော အီရတ်လုံခြုံရေး တပ်ဖွဲ့များ က အီရတ်နိုင်ငံ မြောက်ပိုင်း မိုဆူးလ်မြို့ အနောက်ပိုင်းရှိ IS တို့၏ အဓိက ခြေကုပ်စခန်းအား ဖယ်ရှားရန် အဓိကထိုးစစ်တစ်ခု ဆင်နွှဲခဲ့ခြင်းနှင့်အတူ ယင်းဖြစ်ရပ် ထွက်ပေါ်လာခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.