Connect with us

Africa & Middle East

အီရန် နိုင်ငံ ရှိ အထပ်မြင့် အဆောက်အအုံ တစ်ခု မီးလောင်မှု ဖြစ်ပွား ခဲ့ပြီး လက်ရှိချိန်တွင် အနည်းဆုံး ၃၀ ဦး သေဆုံး

အီရန် နိုင်ငံ မြို့တော် ဖြစ်သည့် တီဟီရန် မြို့တွင် ဖြစ်ပွားခဲ့သည့် မီးလောင်သည့် အဆောက်အအုံ အနီးရှိ မီးသတ် ဝန်ထမ်းအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

တီဟီရန် ၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

အီရန် နိုင်ငံ မြို့တော် ဖြစ်သည့် တီဟီရန် မြို့တွင် ဇန်နဝါရီ ၂၀ ရက်နေ့က အထပ်မြင့် အဆောက်အအုံ တစ်ခု မီးလောင် ပြိုကျ ခဲ့ပြီး လက်ရှိချိန်တွင် အနည်းဆုံး မီးသတ် ဝန်ထမ်း ၂၀ ဦး အပါအဝင် ၃၀ ဦးသေဆုံးကာ အခြား ဒဏ်ရာရရှိသူ ၇၀ ဦးရှိကြောင်း သိရှိရသည်။

အီရန် ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက်အရ တီဟီရန် မြို့တော်ဝန် Mohammad Bagher Ghalibaf က သေဆုံးခဲ့သူများသည် မီးလောင်မှု ဖြစ်ပွား ပြီးနောက်တွင် ယင်းအဆောက်အအုံ အတွင်း ဝင်ရောက်ကာ ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နေသည့် မီးသတ် ဝန်ထမ်းများဖြစ်ကြောင်း ၊ ဒဏ်ရာရရှိသူများသည် အများစုအားဖြင့် ထိုအဆောက်အအုံ အတွင်းရှိ ဆိုင်များ၏ မန်နေဂျာ များဖြစ်ကြကြောင်း ဖော်ပြခဲ့သည်။

အီရန် နိုင်ငံ မြို့တော် ဖြစ်သည့် တီဟီရန် မြို့တွင် မီးလောင်မှု ဖြစ်ပွား ခဲ့သည့် အဆောက်အအုံ အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

အီရန် နိုင်ငံ မြို့တော် ဖြစ်သည့် တီဟီရန် မြို့တွင် မီးလောင်မှု ဖြစ်ပွား ခဲ့သည့် အဆောက်အအုံ အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

သတင်းဖော်ပြချက်များအရ ယခု မီးလောင်မှု ဖြစ်ပွား ခဲ့သည့် အဆောက်အအုံ သည် လွန်ခဲ့သည့် နှစ် ၅၀ ကျော်က တည်ဆောက်ခဲ့ပြီး အမြင့် ၁၇ ထပ်ရှိကာ ဆိုင်ခန်းပေါင်း ၆၀၀ ကျော်ရှိကြောင်း ၊ မီးလောင်မှု သည် ဒေသစံတော်ချိန် နံနက် ၈ နာရီခန့်တွင် ဖြစ်ပွား ခဲ့ပြီး အဆောက်အအုံ ၏ ၈ လွှာ နှင့် ၉ လွှာ တို့မှ စတင် လောင်ကျွမ်း ခဲ့ခြင်းဖြစ်ကြောင်း ၊ ထို့နောက်တွင် လောင်ကျွမ်းမှု သည် အဆောက်အအုံ တစ်ခုလုံးသို့ ကူးစက် သွားပြီး အဆောက်အဦ ပြိုကျ ခဲ့ဲခြင်း ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

အီရန် နိုင်ငံ နိုင်ငံပိုင် ရုပ်သံလိုင်း ၏ ဖော်ပြချက်အရ ယခု ဖြစ်ပွားသည့် မီးလောင်မှုကြောင့် လူပေါင်း အနည်းဆုံး ၃၀ ဦးသေဆုံးပြီး ၅၀ မှ ၁၀၀ အတွင်းရှိ သူများသည့် ပြိုကျခဲ့သည့် အဆောက်အဦး အတွင်း ပိတ် မိနေကြောင်း ထုတ်ပြန် ခဲ့သည်။

လက်ရှိချိန်တွင် မီးသတ် တပ်ဖွဲ့မှ နောက်ဆက်တွဲ လုပ်ငန်းဆောင်ရွက်မှုများကို ပြုလုပ်နေကြောင်း သိရှိရပြီး မီးလောင်ရသည့် အကြောင်းရင်းကို စုံစမ်းဆဲ ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.