Connect with us

Africa & Middle East

နိုင်ဂျီးရီးယား တွင် သေနတ်သမားများ၏ ပစ်ခတ်မှု ကြောင့် လူ ၂၇ ဦးသေဆုံး

နိုင်ဂျီးရီးယားနိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များ လုံခြုံရေးဆောင်ရွက်နေစဉ် (ဆင်ဟွာ)

အဘူဂျာ၊ မေ ၁၇ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်း နိုင်ဂျာပြည်နယ် တွင် မကြာသေးမီက သေနတ်သမား၏ တိုက်ခိုက်မှုကြောင့် စုစုပေါင်း လူ ၂၇ဦးသေဆုံးခဲ့ကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦးက မေ ၁၇ ရက်တွင်ပြောကြားခဲ့သည်။

နိုင်ငံတော် အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးဋ္ဌာန အကြီးအကဲ Ibrahim Inga က တိုက်ခိုက်မှုကို အတည်ပြုပေးခဲ့ပြီး Mokwa ခရိုင်ရှိ Epogi အသိုင်းအဝိုင်းအား သေနတ်သမားများကစီးနင်းတိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

Inga ၏ပြောကြားချက်အရ ယင်းအသိုင်းအဝိုင်းကို မေ ၁၄ ရက် အစောပိုင်းတွင် သေနတ်သမားများက ဝင်ရောက်တိုက်ခိုက်မှုကြောင့် အခင်းဖြစ်ပွားရာ၌ပင် လူ ၂၁ဦး သေဆုံးခဲ့ပြီး နောက်ပိုင်းတွင် လူသေအလောင်း ၃လောင်းအား မြစ်တစ်ခုအတွင်းမှ ရှာဖွေတွေ့ရှိခဲ့ကာ အခြားလူ ၃ဦးကျော်မှာ ဆေးကုသမှုခံယူနေစဉ် မေလ ၁၇ ရက်နေ့၌ သေဆုံးခဲ့ကြောင်း သိရသည်။

၎င်းက လုံခြုံရေးတပ်ဖွဲ့သည် ယင်းဧရိယာ၏ အခြေအနေကို ထိန်းချုပ်ထားကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.