Connect with us

Africa & Middle East

လစ်ဗျားရှိ သေနတ်သမားများက ကုလသမဂ္ဂ၏ ယာဉ်တန်းတစ်ခုအား တိုက်ခိုက်ခဲ့

လစ်ဗျားနိုင်ငံရှိ Ansar Al-Sharia စစ်သွေးကြွအဖွဲ့ အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ထရီပိုလီ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

လစ်ဗျားရှိ ကုလသမဂ္ဂထောက်ပံ့ရေး မစ်ရှင် (UNSMIL) က မြို့တော် ထရီပိုလီမြို့ အနောက်ဘက် ၅၀ကီလိုမီတာခန့် အကွာ ရှိ Zawiyah မြို့အနီးတွင် ၎င်းတို့၏ ယာဉ်တန်းအား အမည်မသိ သေနတ်သမားများက တိုက်ခိုက်ခဲ့ကြောင်း ဇွန်လ ၂၈ ရက်ကပြောကြားခဲ့သည်။

UNSMIL က ထရီပိုလီမြို့ နှင့် ဆာမန်မြို့ ကြား သွားလာနေသည့် ကုလသမဂ္ဂ၏ ယာဉ်တန်းတစ်ခု တိုက်ခိုက်ခံရကြောင်း UNSMIL က အတည်ပြုခဲ့ကြောင်း၊ ယာဉ်တန်းနှင့်အတူ လိုက်ပါသွားသည့် ဝန်ထမ်းတစ်ဦး နှင့် ဆက်သွယ်မှုရရှိခဲ့ကြောင်း နှင့် ကုသလမဂ္ဂဝန်ထမ်းများ သေဆုံးမှု စာရင်း ထွက်ပေါ်လာခြင်းမရှိကြောင်း ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။

UNSMIL က ကုလသမဂ္ဂ ဝန်ထမ်းများ ၏ လုံခြုံရေးအတွက် အကူအညီပေးခဲ့ကြသော လစ်ဗျားနိုင်ငံကြားဖြတ်အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များ နှင့် ဒေသခံအာဏာပိုင်များ ကို ကျေးဇူးတင်ရှိကြောင်း နှင့် ဝန်ထမ်းများ ထရီပိုလီမြို့သို့ ဘေးကင်းစွာရောက်ရှိလာရန် မျှော်လင့်နေကြောင်းပြောကြားခဲ့သည်။

လစ်ဗျားခေါင်းဆောင်ဟောင်း ကဒါဖီ အား ဖြုတ်ချခဲ့သည့် ၂၀၁၁ခုနှစ် ကတည်းက လစ်ဗျားနိုင်ငံရှိ သံတမန်မစ်ရှင်အဖွဲ့များသည် မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်ခံနေရပြီး ၂၀၁၄ခုနှစ်တွင် သံတမန်မစ်ရှင်အဖွဲ့များစွာ နှင့် ပြည်ပကုမ္ပဏီများသည် အကြမ်းဖက်မှု နှင့် ပဋိပက္ခများကြောင့် လစ်ဗျားနိုင်ငံ မှ ထွက်ခွာလာခဲ့ကြောင်း သိရသည်။

အယ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့ နှင့် ဆက်စပ်နေသော Ansar Al-Sharia စစ်သွေးကြွအဖွဲ့သည် ၂၀၁၂ခုနှစ် စက်တင်ဘာ ၁၁ ရက်တွင် ဘန်ဂါဇီမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သံအမတ် Christopher Stevens နှင့် အမေရိကန်တာဝန်ရှိသူ ၃ဦးသေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.