Connect with us

Africa & Middle East

၂၀၁၆ ခုနှစ် တွင် အာဖဂန် နစ္စတန် နိုင်ငံ ၌ တိုက်ခိုက်မှု များကြောင့် အရပ်သား ၃၅၀၀ ခန့်သေဆုံးခဲ့ရ

အာဖဂန် နစ္စတန် နိုင်ငံ အတွင်း အကြမ်းဖက် ဗုံးဖောက်ခွဲမှု တစ်ခု ဖြစ်ပွားခဲ့စဉ် (ဆင်ဟွာ)

ကဘူးလ် ၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

အာဖဂန် နစ္စတန် နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေး အဖွဲ့ က ၂၀၁၆ ခုနှစ်တွင် တိုက်ခိုက်မှု များကြောင့် အရပ်သား ၃၄၉၈ ဦးသေဆုံး ခဲ့ရပြီး ၇၉၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖေဖော်ဝါရီ ၆ ရက်နေ့က သတင်း ထုတ်ပြန် ခဲ့သည်။

ထုတ်ပြန်ချက် တွင် ၂၀၁၆ ခုနှစ် ၌ တိုက်ခိုင်မှုများကြောင့် ကလေးငယ် ၉၂၃ ဦး သေဆုံး ခဲ့ပြီး ကလေးငယ် ၂၅၈၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖေါ်ပြထားသည်။

ယခု ထုတ်ပြန် ခဲ့သည့် စာရင်း သည် အာဖဂန် နစ္စတန် နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေး အဖွဲ့ ၏ ၂၀၀၉ ခုနှစ် မှ စတင်ကာ ပြုစုခဲ့သည့် စာရင်း များအနက် ပမာဏ အများဆုံး ဖြစ်ကြောင်း သိရှိရသည်။

ကုလသမဂ္ဂ မှလည်း အာဖဂန် နစ္စတန် နိုင်ငံ တွင် အရပ်သားပြည်သူများ သေဆုံးမှု မြင့်တက်လာခြင်း အပေါ် စိုးရိမ်ကြောင်း နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီး အနေဖြင့် တိုက်ခိုက်မှု ဖြစ်ပွား ချိန်တွင် အရပ်သား ပြည်သူများကို ကာကွယ်ကြရန် တိုက်တွန်းကြောင်း ထုတ်ပြန်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.