Connect with us

Africa & Middle East

အိုင်အက်စ်နှင့် ဆက်သွယ်မည့် ချက် အမျိုးသား တစ်ဦး ထောင်ချခံရ

အိုင်အက်စ်နှင့် ဆက်သွယ်ရန် ကြိုးစားခဲ့သည့် ချက် နိုင်ငံသား Jan Silovsky (လယ်) အား ရဲများနှင့် အတူ တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပရက်ဂ်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

ဆီးရီးယားရှိ အိုင်အက်စ် အဖွဲ့နှင့် ဆက်သွယ်လိုသည့် ချက်ပြည်သူ့ သမ္မတနိုင်ငံသား အမျိုးသား Jan Silovsky အား Plzen ပြည်နယ် တရားရုံးက ထောင်ဒဏ် သုံးနှစ် သုံးလ ချမှတ်ခဲ့ကြောင်း သိရသည်။

၎င်းအား ပြင်ပလူနာအဖြစ် စိတ်ပိုင်းဆိုင်ရာ ဆေးကုသမှု ခံယူရန် တရားရုံးက အမိန့်ချခဲ့သည်။အသက် ၂၂ နှစ်အရွယ် Silovsky သည် အိုင်အက်စ်နှင့် ဆက်သွယ်လိုသည့်အတွက် တရားစွဲခံရသော ပထမဆုံး ချက် နိုင်ငံသား တစ်ဦး ဖြစ်သည်။ ၎င်းအား ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် အစ္စတန်ဘူလ် လေဆိပ်၌ တူရကီ ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ဆီးရီးယား နယ်စပ်အနီးရှိ တူရကီနိုင်ငံက Gaziantep မြို့သို့ သွားရောက်မည့် လက်မှတ်အား ကိုင်ဆောင်ထားစဉ် ဖမ်းမိခဲ့ခြင်း ဖြစ်သည်။ယင်း အမျိုးသားသည် အင်တာနက်မှတစ်ဆင့် ကား တစ်စီးဖြင့် ဆီးရီးယားနိုင်ငံ Jarabulus မြို့သို့ သွားရောက်ကာ စီစဉ်ထားသည့်အတိုင်း အိုင်အက်စ်အဖွဲ့နှင့် ချိတ်ဆက်မည် ဖြစ်ကြောင်း ချက်နိုင်ငံသို့ ပြန်မပို့မီ တူရကီ ရဲတပ်ဖွဲ့သို့ ၎င်းက ဖြောင့်ချက်ပေးခဲ့သည်။

Silovsky က အိုင်အက်စ်များနှင့် ဆက်သွယ်ခြင်းမှာ ပြစ်မှု ဖြစ်ကြောင်းကို သိရှိကြောင်း၊ ၎င်းသည် အိုင်အက်စ်များအား သတ်ဖြတ်ရန်အတွက် ဆီးရီးယားသို့ သွားရောက်လိုခြင်း ဖြစ်ကြောင်း၊ သို့ရာတွင် ၎င်းကိုယ်တိုင်ပင် ဆုံးရှုံးခဲ့ရကြောင်း တရားရုံး၌ ပြောကြားခဲ့သည်။ Silovsky ၏ အမှုအား ဂျူရီအဖွဲ၏ ဆုံးဖြတ်ချက် ခံယူရန် တရားရုံးချုပ်သို့ ဆက်လက် တင်သွင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117