Connect with us

Africa & Middle East

အီရတ်နိုင်ငံတစ်ဝန်း၌ ဖြစ်ပွားနေသော ဆန္ဒပြပွဲများအတွင်းသေဆုံးသူ ၁၀၄ ဉီးထိရှိလာ

အီရတ်နိုင်ငံ၌ အစိုးရဆန့်ကျင်ဆန္ဒပြပွဲများဖြစ်ပွားနေစဉ်(ဆင်ဟွာ)

ဘဂ္ဂဒတ် ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ)

အီရတ်နိုင်ငံဘဂ္ဂဒတ်မြို့တော် နှင့် အခြားမြို့ကြီးများတွင် ဖြစ်ပွားလျက်ရှိသော ဆန္ဒပြပွဲများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အပါအဝင် လူပေါင်း ၁၀၄ ဉီးသေဆုံးခဲ့ပြီး  ဒဏ်ရာရသူ ၆,၀၀၀ ကျော်အထိ မြင့်တက်သွားပြီဖြစ်ကြောင်း အီရတ်ပြည်ထဲရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ တစ်ဉီးက အောက်တိုဘာ ၆ ရက်တွင်ပြောကြားခဲ့သည်။

ဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ်  Saad Maan က သတင်းစာရှင်းလင်းပွဲတစ်ခု၌ သတင်းထောက်များအားပြောကြားရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၈ ဉီးအပါအဝင် သေဆုံးသူ ၁၀၄ ဉီးထိမြင့်တက်သွားပြီဖြစ်ကြောင်း ဆိုခဲ့သည်၊၊ဆန္ဒပြပွဲအဓိကရုဏ်းဖြစ်စဉ်များအတွင် စုစုပေါင်း လူ ၆,၁၀၇ ဉီးဒဏ်ရာရခဲ့ကြောင်း ၊ ယင်းတို့အနက် ၁,၂၄၁ ဉီးမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များဖြစ်ကြောင်း Maan က ဆိုသည်၊၊အချင်းဖြစ်မှုအတွင်း အရပ်သားပြည်သူများနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များ ပိုင်ဆိုင်သော မော်တော်ကား ၅၂ စီးဖျက်ဆီးခံလိုက်ရကြောင်းလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

အီရတ်နိုင်ငံ၌ အစိုးရဆန့်ကျင်ဆန္ဒပြပွဲများဖြစ်ပွားနေစဉ်(ဆင်ဟွာ)

အောက်တိုဘာ ၆ ရက်တွင် မည်သူမည်ဝါမှန်းမသိသော သေနက်ကိုင်ထားသူများ၏ တိုက်ခိုက်မှုကြောင့် အစိုးရအရာရှိများနှင့် NRT သတင်းဌာန ၊ Dijlah သတင်းဌာနနှင့် ဆော်ဒီနိုင်ငံအခြေစိုက် al-Arabiya TV နှင့် al-Hadath TV ရုပ်သံရုံးခန်းများအပါအဝင် ပြည်ပမီဒီယာများ တိုက်ခိုက်ခံရကြောင်း နှင့် ယင်းတိုက်ခိုက်မှုများ အပေါ် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်၊၊

အီရတ်နိုင်ငံ၌ အစိုးရဆန့်ကျင်ဆန္ဒပြပွဲများဖြစ်ပွားနေစဉ်(ဆင်ဟွာ)

အီရတ်နိုင်ငံ၌ အစိုးရဆန့်ကျင်ဆန္ဒပြပွဲများဖြစ်ပွားနေစဉ်(ဆင်ဟွာ)

အီရတ်နိုင်ငံ၌ အစိုးရဆန့်ကျင်ဆန္ဒပြပွဲများဖြစ်ပွားနေစဉ်(ဆင်ဟွာ)

အီရတ်နိုင်ငံ၌ အစိုးရဆန့်ကျင်ဆန္ဒပြပွဲများဖြစ်ပွားနေစဉ်(ဆင်ဟွာ)

ဒေါသထွက်နေသောဆန္ဒပြသူများက နိုင်ငံရေးပါတီ ၈ ခု၏ ရုံးခန်းများကို မီးရှို့ဖျက်ဆီးခဲ့သလို တစ်ချိန်တည်းမှာပင် လုံခြုံရေးစစ်ဆေးမှုဂိတ် ၂ ခုကို လည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၎င်းကအတည်ပြုပြောကြားခဲ့သည်။အီရတ်နိုင်ငံ၌ အလုပ်လက်မဲ့ဉီးရေတိုးပွားလာမှုနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ နိုမ့်ကျလာမှုကြောင့် အောက်တိုဘာ ၁ ရက်မှစတင်ကာ မြို့တော်ဘဂ္ဂဒတ် နှင့် အခြားမြို့ကြီးများစွာတွင်  ဆန္ဒပြပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်၊၊(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.