Connect with us

Africa & Middle East

ဆီးရီးယား ရှိ ISတို့၏ နယ်မြေအား အမေရိကန်ဦးဆောင်၍ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၅ဦးသေဆုံး

ဆီးရီးယားနိုင်ငံ တွင် အမေရိကန်ဦးဆောင်သော လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့စဉ် (ဓါတ်ပုံ-အင်တာနက်)

ဒမတ်စကက်၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ မြောက်ပိုင်း Raqqa ပြည်နယ် ရှိ IS စစ်သွေးကြွအုပ်စုက ထိန်းချုပ်ထားရာမြို့ကို ပစ်မှတ်ထား၍ ဧပြီ ၈ရက် တွင် အမေရိကန်ဦးဆောင်သော လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အနည်းဆုံး ဆီးရီးယားပြည်သူ ၁၅ဦး သေဆုံးခဲ့ကြောင်း စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောကြားခဲ့သည်။

Raqqa ပြည်နယ် အနောက်ပိုင်းအစွန်အဖျား ရှိ Haideh မြို့ကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့မှုကြောင့် သေဆုံးခဲ့သူများတွင် ကလေး လေးဦး နှင့် အမျိုးသမီး တစ်ဦးပါဝင်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ဆီးရီးယားစောင့်ကြည့်လေ့လာရေးအဖွဲ့ကပြောကြားခဲ့သည်။

မကြာသေးမီက အမေရိကန်ဦးဆောင်သော အကြမ်းဖက်မှုတိုက်ဖျက်ရေး မဟာမိတ်တပ်ဖွဲ့များ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဆီးရီးယားပြည်သူ အများအပြားသေဆုံးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သောလကလည်း Raqqa ပြည်နယ် အစွန်အဖျား Mansuraမြို့ ရှိ အိမ်ခြေမဲ့များ နားခိုနေသည့် စာသင်ကျောင်းတစ်ခုကို ပစ်မှတ်ထား၍ အမေရိကန်ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့များ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၃၃ဦးသေဆုံးခဲ့ကြောင်း လေ့လာရေးအဖွဲ့ကပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ က ဆီးရီးယားနိုင်ငံအရေးသို့ ဝင်ရောက်စွက်ဖက်ခဲ့သည့် ၂၀၁၄ခုနှစ် ကတည်း က ၎င်းတို့လုပ်ဆောင်ခဲ့သော လေကြောင်းတိုက်ခိုက်မှုဒဏ်ကို ခံစားခဲ့ရသည့် ဆီးရီးယားပြည်သူ အရေအတွက် လျော့ကျလာခဲ့ကြောင်း အမေရိကန်နိုင်ငံမှ မကြာသေးမီက ထုတ်ပြန်ပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117