Connect with us

Africa & Middle East

ဂါနာ နိုင်ငံ တွင် တရုတ် နိုင်ငံ မှ တာဝန်ယူ တိုးချဲ့တည်ဆောက်မည့် TEMA ဆိပ်ကမ်း တရားဝင် စတင်ဆောင်ရွက်

ဂါနာ နိုင်ငံ သမ္မတ (ယာ-၃) နှင့် ဂါနာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး (လယ်) တို့မှ ဂါနာ ပြည်သူလူထု သန့်ရှင်းရေ ရရှိရေး စီမံကိန်း သွားရောက်လေ့လာစဉ်(ဆင်ဟွာ)

အက်ခရာ ၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ ဆိပ်ကမ်း အင်ဂျင်နီယားရင်း ကုမ္ပဏီ လီမိတက် (CHEC) မှ တာဝန်ယူတည်ဆောက်မည့် ဂါနာ (GANA)-တီမာ(TEMA) ဆိပ်ကမ်း (TEMA ဆိပ်ကမ်း) တိုးချဲ့တည်ဆောက်မှု ကို နိုဝင်ဘာ ၁၆ ရက်နေ့တွင် ဖွင့်ပွဲအခမ်းအနား တစ်ရပ်ကျင်းပခဲ့ပြီး ဂါနာ နိုင်ငံ သမ္မတ Mahama ၊ ဂါနာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ စီးပွားရေး သံမှူး ချိုင်ကျေကျင်း(Chai Zhijing) စသည် တို့ တက်ရောက် ခဲ့ကြသည်။

TEMA ဆိပ်ကမ်း စီမံကိန်း စာချုပ်တွင် လုပ်ငန်းဆောင်ရွက်မှု အချိန်ကာလ အား ၅၁ လဟုသတ်မှတ်ထားပြီး တည်ဆောက်မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၇၆ သန်းဖြစ်သည်။ စီမံကိန်းအား တာဝန်ယူ တည်ဆောက်မည့် CHEC သည် အကွာအဝေး စုစုပေါင်း ၁၄၀၀ မီတာ တွင် တန်ချိန် ၁၅၀,၀၀၀ ရှိသည့် ကုန်သေတ္တာသင်္ဘောရပ်နား နိုင်သည့် နေရာ ၄ နေရာကို တည်ဆောက်သွားမည် ဖြစ်ပြီး breakwater မီတာ ၄၀၀၀ နှင့် ဧရိယာ ၁၂၁ ဟတ်တာ(Hectare) ရှိ ဆိပ်ကမ်း နောက်ပိုင်း ဆက်စက် လုပ်ငန်းများလည်း တည်ဆောက်သွားမည် ဖြစ်သည်။ ထို့ပြင် CHEC အနေဖြင့် စီမံကိန်း နှင့် ပတ်သက်သည့် မြေသားအရည်အသွေး လေ့လာ ဆန်းစစ်မှု နှင့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ တည်ဆောက်မှု ပုံစံ အပြင် ရှေ့ပိုင်း သုတေသန လုပ်ငန်း နှင့် စီမံကိန်း အလုံးစုံ ၏ ဒီဇိုင်းပိုင်း ကိုလည်း တာဝန်ယူ တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ဂါနာ နိုင်ငံ သမ္မတ Mahama က TEMA ဆိပ်ကမ်းစီမံကိန်း စတင်နိုင်ခဲ့ခြင်းသည် ဂါနာ နိုင်ငံ ရေကြောင်း လုပ်ငန်း၏ အရေးကြီးသည့် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ပြီး တိုးချဲ့တည်ဆောက်မှု ပြီးစီးပါက TEMA ဆိပ်ကမ်းသည် ဂါနာ နိုင်ငံအား အနောက်အာဖရိက ဒေသ ၏ အရေးပါသည့် ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု စင်တာ ဖြစ်တည် စေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

TEMA ဆိပ်ကမ်းသည် ဂါနာ နိုင်ငံ မြို့တော်နှင့် ကီလိုမီတာ ၃၀ အကွာအဝေး တွင် တည်ရှိပြီး လက်ရှိချိန်တွင် ကုန်သင်္ဘော အဓိက ရပ်နားရာ နေရာ ၁၂ ခုဖြင့် ဆိပ်ကမ်း အရှည်မှာ ၂၁၉၆ မီတာ ရှိသည့် ဆိပ်ကမ်း ဖြစ်သည်။ TEMA ဆိပ်ကမ်း သည် ဂါနာ နိုင်ငံ ဆိပ်ကမ်း ကုန်စည် လည်ပတ်မှု ၏ ၈၀ ရာခိုင်နှုန်း ကို ဆောင်ရွက်နေသည့် အဓိက ဆိပ်ကမ်း ဖြစ်ပြီး အနောက်အာဖရိက အတွက် အရေးပါသည့် ကုန်စည် ဖြန့်ဖြူးရာ ဆိပ်ကမ်းလည်း ဖြစ်သည်။ ဂါနာ နိုင်ငံ ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှင့် အနောက်အာဖရိက ဒေသ၏ စီးပွားရေး ချိတ်ဆက်မှုများ တိုးမြှင့်လာသည်နှင့်အမျှ TEMA ဆိပ်ကမ်းသည် လိုအပ်ချက်ကို မဖြည့်ဆည်း နိုင်သဖြင့် တိုးချဲ့ဆောင်ရွက်ခြင်းဖြင့် ဂါနာ နိုင်ငံ နှင့် အိမ်နီးချင်း နိုင်ငံ များအတွက် ပိုမို အဆင်မြေ စေမည်ဖြစ်သည်။ TEMA ဆိပ်ကမ်း စီမံကိန်းသည် ဂါနာ နိုင်ငံ ၏ အကြီးမားဆုံးသော ဆိပ်ကမ်းတည်ဆောက်မှု စီမံကိန်းဖြစ်ပြီး စီမံကိန်းကြောင့် တိုက်ရိုက်အလုပ်အကိုင် အခွင့်အရေး ၁၀၀၀ ခု နှင့်အတူ ဆက်စပ် အလုပ်အကိုင်အခွင့်အရေး အခု ၄၀၀၀ ကိုဖန်တီးပေး နိုင်မည် ဖြစ်သည်။ စီမံကိန်း ကြောင့် ဂါနာ ပြည်သူလူထု တို့၏ လူနေမှု အဆင့်အတန်းကို မြှင့်တင်ပေးနိုင်မည် ဖြစ်ပြီး စီးပွားရေး နှင့် ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက်လည်း အလွန်အရေးပါသည့် တွန်းအား ကို ပေးစွမ်းနိုင်မည်ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.