Connect with us

Asia

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြောက်ကိုရီးယားရှိ ကေဆောင် စက်မှုဇုန်သို့ သွားရောက်မည်

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း မှ တောင်ကိုးရီးယား (ROK) တွင် ကမ္ဘာ့ ပညာရေး ဖိုရမ်သို့ တက်ရောက်ခဲ့စဉ်(ဓာတ်ပုံ-အင်တာနက်)

အင်ချွန်း ၊ မေ ၁၉ ရက် (ဆင်ဟွာ)
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းသည် မြောက်ကိုရီးယား (DPRK) နယ်စပ်မြို့ရှိ ကေဆောင် (Kaesong) စက်မှုဇုန်သို့ မေလ ၂၁ ရက်နေ့တွင် သွားရောက်မည် ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ (ROK) အင်ချွန်းမြို့တွင် ကျင်းပသည့် ကမ္ဘာ့ ပညာရေး ဖိုရမ် တက်ရောက် အပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဘန်ကီမွန်း ကုလသမဂ္ဂ အကြီးအကဲအဖြစ် စတင် တာဝန် ထမ်းဆောင်ခဲ့သည့် ၂၀၀၇ ခုနှစ်မှ စတင်ကာ ယခုအချိန်ထိ ထိုစက်မှုှဇုန်သို့ သွားရောက်ခြင်းသည် ပထမဆုံး အကြိမ်ဖြစ်သည်။
ကေဆောင် စက်မှုဇုန် သည် ၂၀၀၄ ခုနှစ် နှောင်းပိုင်းတွင် စတင်ဖွင့်လှစ်ပြီး တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံ ပူးတွဲ စီမံခန့်ခွဲ ခြင်း ဖြစ်သည်။ မြောက်ကိုရီးယား လုပ်သား ၅၃,၀၀၀ ကို ငှားရမ်း လုပ်ကိုင် နေသည့် တောင်ကိုရီးယား ကုမ္ပဏီ ၁၂၀ ခန့် သည်လည်း ထိုစက်မှုဇုန်တွင် လုပ်ကိုင် နေကြသည်။
ဘန်ကီမွန်း သည် တောင်ကိုရီးယား နိုင်ငံ ဆိပ်ကမ်း မြို့တော် အင်ချွန်းတွင် မေလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့ အထိ ကျင်းပမည့် ကမ္ဘာ့ ပညာရေး ဖိုရမ် တက်ရောက်ရန် တောင်ကိုရီးယား သို့ မေလ ၁၈ ရက်တွင် ရောက်ရှိခဲ့သည်။
သက်ဆိုင်ရာ အားလုံးမှလည်း သဘော တူညီပြီး သက်ဆိုင်ရာ အဖွဲ့စည်းများကို အကျိုးဖြစ်ထွန်းစေမည့် အချိန်တွင် မြောက် ကိုရီးယား နိုင်ငံ သို့ သွားရောက် လည်ပတ်လိုကြောင်း ဘန်ကီမွန်း က မေလ ၁၉ ရက်နေ့တွင် ၎င်း ဖိုရမ် ၌ ထုတ်ဖော် ပြောကြား ခဲ့သည်။
ဘန်ကီမွန်း က ကုလသမဂ္ဂသည် မြောက်ကိုရီးယား၏ ကုလသမဂ္ဂလည်း ဖြစ်ပါကြောင်း၊ မြောက်ကိုရီးယားသို့ မည်သည့် အချိန်အခါမဆို အကူအညီများ ပေးနိုင်ကြောင်း ၊ ကုလသမဂ္ဂ က ယုံကြည်မှု တည်ဆောက်ရေး၊ လူ့အခွင့်ရေး ကြိုးပမ်းမှု နှင့် မြောက်ကိုရီးယား၏ အဓိပ္ပါယ် ရှိသော ပြုပြင် ပြောင်းလဲမှုကို ကူညီနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။
ဘန်ကီမွန်း က ကျွန်တော့် အနေနဲ့ ကိုရီးယား ကျွန်းဆွယ် အရေးကိစ္စများ အပေါ် အထူးအာရုံ မစိုက်ပဲ မနေနိုင်ကြောင်း ၊ ၎င်း ကျွန်းဆွယ်သည် ကမ္ဘာ့ တခြားဒေသများထက် ပို၍ အန္တရာယ် ရှိကြောင်း ပြောကြားသည်။
“ မြောက်ကိုရီးယား နိုင်ငံသည် ၎င်း၏ လက်ရှိ လုပ်ဆောင်ချက်များကို မရပ်တန့်ဘဲ ဆက်လက် လုပ်ဆောင်မည် ဆိုလျှင် အရှေ့မြောက် အာရှဒေသတွင် စစ်ရေး ပြိုင်ဆိုင်မှုတွေ ဖြစ်လာမှာ မလွဲပါဘူး။ ဒါကြောင့် မြောက်ကိုရီးယား၏ နျူကလီးယား ဖျက်သိမ်းရေး လုပ်ဆောင်ဖို့ ပိုမို ကြိုးပမ်းရန် လိုအပ်ပါတယ်” ဟု ဘန်ကီမွန်း က ပြောသည်။ (Xinhua)