Connect with us

Asia

ဂျပန်နိုင်ငံ၌ ဓာတုစက်ရုံ ပေါက်ကွဲမှု ဖြစ်ပွားရာ လူ ၄ ဦး ဒဏ်ရာရရှိ

တိုကျို ၊ မေ ၁၁ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဓာတုစက်ရုံတစ်ခု၌ ယနေ့ မေ ၁၁ ရက်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း မီဒီယာ၏ ဖော်ပြချက်အရ သိရသည်။ဒေသအာဏာပိုင်များ၏ ပြောကြားချက်အရ အဆိပ်ဓာတ်ငွေ့များ မတွေ့ရှိရကြောင်း သိရသည်။အဆိုပါ ပေါက်ကွဲမှုသည် ဒေသစံတော်ချိန် နံနက် ၇ နာရီ ၄၅ မိနစ်ဝန်းကျင်တွင် ဖူကူရှီးမား စီရင်စု lwaki မြို့ရှိ Sakai Chemical Industry ကုမ္ပဏီ၏ Yumoto စက်ရုံ၌ ဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဒဏ်ရာရရှိသူသုံးဦးမှာ မီးလောင်ဒဏ်ရာများရရှိခဲ့ပြီး ၎င်းတို့အနက် တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း နှင့် ကျန်ရှိသော ဒဏ်ရာရရှိသူ တစ်ဦးမှာ အသေးစား ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသအာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။

ပေါက်ကွဲမှု ဖြစ်ပွားသည့်စက်ရုံသည် အလှကုန်ပစ္စည်းများ နှင့် သုတ်ဆေးများ ပြုလုပ်ရာတွင် အသုံးပြုသည့် zinc oxide နှင့် zinc powder စသည့် ပစ္စည်းများ ထုတ်လုပ်ကြောင်း Sakai Chemical ကုမ္ပဏီထံမှ သိရသည်။

ပေါက်ကွဲမှု ဖြစ်ပွားချိန်တွင် စက်ရုံ၌ အလုပ်သမား ၁၈ ဦး လုပ်ကိုင်နေကြပြီး ကုမ္ပဏီ၏ စီးပွားရေးအစုစပ် ပုဂ္ဂိုလ်အချို့လည်း ရှိနေခဲ့ကြောင်း သိရသည်။
ပေါက်ကွဲမှု ဖြစ်ပွားချိန်တွင် စက်ရုံမှ ပေါက်ကွဲသံ နှင့် မီးခိုးများ ထွက်ပေါ်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ (Xinhua)
—————————————
(English Version)

4 injured in chemical plant blast in Japan
TOKYO, May 11 (Xinhua) — An explosion took place at a chemical factory in northeastern Japan on Tuesday, injuring four people, local media reported.
According to local authorities, no toxic gases have been detected.
The blast occurred at around 7:45 a.m. local time at Sakai Chemical Industry Co.’s Yumoto Factory in Iwaki, Fukushima Prefecture, the authorities said.
Three of the injured people suffered burns, among whom one was seriously hurt, and the remaining had a minor injury, according to local authorities.
According to Sakai Chemical, the factory manufactures materials including zinc oxide and zinc powder that are used to make cosmetics and paints.
When the explosion took place, 18 employees were working at the factory and some other personnel from the company’s business partner were also present.
Sounds of the explosions and smoke were emitted from the factory when the blast occurred, according to local residents. Enditem