Connect with us

Asia

ထိုင်းဘုရင်က တပ်မှူးအသစ်များ ခန့်အပ်ရေးတွင် ထောက်ခံအတည်ပြု

ထိုင်းနိုင်ငံ၏ စစ်တပ်အကြီးအကဲသစ် ဗိုလ်ချုပ်ကြီး Apirat Kongsompong အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက် ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ ဘုရင် မဟာဗီဂျီရာလောင်ကွန်း(Vajiralongkorn) သည် ထိုင်းစစ်တပ်အတွက် တပ်မှူးအသစ်များ ခန့်အပ်ရေးတွင် ထောက်ခံအတည်ပြု ပေးခဲ့ကြောင်း ဒေသမီဒီယာက သတင်းဖော်ပြခဲ့သည်။

အဆိုပါ စစ်တပ်ရာထူးပြောင်းလဲ ခန့်အပ်ရေးတွင် ဗိုလ်မှူးကြီးအဆင့်နှင့်အထက် ရာထူးအဆင့်များသို့ စစ်တပ်အရာရှိပေါင်း ၉၃၅ ဦး ပါဝင်လာခဲ့ကြောင်း တော်ဝင်ဂေဇက်(Royal Gazette) သတင်းစာကဖော်ပြခဲ့ပြီး ယင်းရာထူးအဆင့်များသည် အောက်တိုဘာ ၁ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်ကြီး Apirat Kongsompong သည် ထိုင်းစစ်တပ်အကြီးအကဲသစ်ဖြစ်လာမည်ဖြစ်ပြီး ၎င်းသည် ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့တပ်မှူး နှင့် ထိုင်းနိုင်ငံ ငြိမ်ဝပ်ပိပြားရေး နှင့် ငြိမ်းချမ်းရေး ကောင်စီ(NCPO) ၏အတွင်းရေးမှူး ရာထူးများကို ဆက်လက် ဆုပ်ကိုင်ထားမည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်ကြီး Apirat သည် ယခင်က ဒုတိယစစ်တပ်အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်တွင် စစ်တပ်ထောက်ပံ့ရေးပစ္စည်းများ ဝယ်ယူခြင်း ၊ ဖြန့်ဖြူးခြင်း နှင့် ပို့ဆောင်ခြင်း များကို အဓိက ကိုင်တွယ်ခဲ့ရသူ ဖြစ်သည်။ ထိုင်းတော်ဝင်စစ်တပ်ဌာနချုပ်၏ စစ်ဦးစီးအရာရှိချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး Pornpipat Benyasri သည် ၎င်းတပ်၏ တပ်မှူးဖြစ်လာမည်ဖြစ်သည်။

ထိုင်းတော်ဝင်ရေတပ်တွင် ၎င်းတပ်ဖွဲ့၏ ဒုတိယတပ်မှူး Adm Luechai Ruddit သည် တပ်မှူးအသစ်ဖြစ်လာမည်ဖြစ်သည်။ ထိုင်းတော်ဝင် လေတပ်မှ လက်ထောက်တပ်မှူး ACM Chaiyapruk Ditsayasarin သည် ၎င်းတပ်၏ တပ်မှူးရာထူးသို့တိုးမြှင့်ခန့်အပ်ခံရကြောင်း သိရသည်။ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ထိုင်းစစ်တပ်အကြီးအကဲသစ်များ ကျမ်းသစ္စာကျိန်ဆိုပွဲကို လာမည့် အောက်တိုဘာ ၁ ရက် နောက်ပိုင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။အဆိုပါ တပ်မှူးသစ်များသည် NCPO ၏ လမ်းညွှန်မှုအောက်တွင် လုပ်ကိုင်သွားရမည်ဖြစ်ကြောင်း ၊ လာမည့်နှစ် ဖေဖော်ဝါရီ ၂၄ ရက် မှ မေ ၅ ရက်အတွင်း ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ မတိုင်မီ နောက်ဆုံးပြုလုပ်သည့် စစ်တပ်ရာထူးအပြောင်းအလဲ ဖြစ်မည်ဟု မျှော်လင့်ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117