Connect with us

Asia

ဖိလစ်ပိုင် နိုင်ငံ တွင် ၂ နှစ် တာ ကာလ အတွင်း နာမည်ပျက် မှတ်တမ်းရှိသည့် ရဲတပ်ဖွဲ့ဝင် ၂၀၀၀ ကျော် အား ရာထူး မှ ဖယ်ရှား

ဖိလစ်ပိုင် နိုင်ငံ သမ္မတ ဒူတာတေး မိန့်ခွန်းပြောကြား နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

မနီလာ ၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင် နိုင်ငံ သမ္မတ ပြောရေးဆိုခွင့်ရှိသူ Harry Roque က သြဂုတ်လ ၆ ရက် ၌ ဖိလစ်ပိုင် နိုင်ငံ သမ္မတ ဒူတာတေး ရာထူး စတင် တာဝန်ယူချိန် မှ စ၍ နာမည်ပျက် မှတ်တမ်း ရှိသည့် ရဲတပ်ဖွဲ့ဝင် ပေါင်း ၂၀၀၀ ကျော် ကို ရာထူး မှ ထုတ်ပယ် ခဲ့ကြောင်း ပြောကြား ခဲ့သည်။

Harry Roque က သတင်းစာ ရှင်းလင်းပွဲ တွင် ၂၀၁၆ ခုနှစ် ဇူလိုင်လ မှ ၂၀၁၈ ခုနှစ် ဇူလိုင်လ အထိ ဖိလစ်ပိုင် နိုင်ငံ တွင် ရဲတပ်ဖွဲ့ဝင်ပေါင်း ၆၄၀၁ ဦး ကို စုံစမ်းစစ်ဆေး ခဲ့ပြီး အတိုင်းအတာ မတူညီသည့် ပြစ်ဒဏ် ပေးခဲ့ကာ ၎င်းတို့အနက် ၂၁၈၁ ဦး အား ရာထူး မှ ထုတ်ပယ် ခဲ့ကြောင်း ၊ ထုတ်ပယ် ခံခဲ့ရသည့် ရဲတပ်ဖွဲ့ဝင် များအတွင်း ၁၈၂၈ ဦး မှာ ဆိုးရွားစွာ စည်းကမ်း ချိုးဖောက် ခြင်းကြောင့် ဖြစ်ပြီး ကျန် ၃၅၃ ဦး မှာ မူးယစ်ဆေးဝါး နှင့် ဒုစရိုက်မှု တွင် ပါဝင် ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဖိလစ်ပိုင် နိုင်ငံ သမ္မတ ဒူတာတေး အနေဖြင့် ၂၀၁၆ ခုနှစ် တွင် စတင် တာဝန်ထမ်းဆောင်ချိန် မှ စ၍ မူးယစ်ဆေးဝါး တိုက်ဖြတ်သည့် မူဝါဒ အား ပြင်းထန်စွာ တွန်းအားပေးဆောင်ရွက်ခဲ့သည်။ သို့သော် ဖိလစ်ပိုင် နိုင်ငံ ရဲတပ်ဖွဲ့ အတွင်း အဂတိ လိုက်စားမှု များစွာ ဖြစ်ပွား နေပြီး အချို့ ရဲတပ်ဖွဲ့ဝင် များက ဒုစရိုက်မှုများ တွင် ပူးပေါင်းပါဝင်နေသောကြောင့် ဖိလစ်ပိုင် နိုင်ငံ အစိုးရ အား များစွာ ဖိအား ဖြစ်စေခဲ့သည်။

၂၀၁၇ ခုနှစ် တွင် နာမည်ပျက် စာရင်းတွင် ပါဝင် သည့် ရဲတပ်ဖွဲ့ဝင် ၃၀၀ ခန့်အား ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်း အကြမ်းဖက်သမားများ တက်ကြွစွာ လှုပ်ရှားသည့် ဒေသ တွင် တာဝန် ထမ်းဆောင်ရန် စေလွှတ် ခဲ့သည်။ဖိလစ်ပိုင် နိုင်ငံ သမ္မတ က သြဂုတ်လ ၁ ရက် ၌ မိန့်ခွန်းပြောကြားရာတွင် ရဲတပ်ဖွဲ့ ဝတ်စုံ ဝတ်စဉ်ထားသည့် မည်သည့် ရဲတပ်ဖွဲ့ဝင် မဆို မူးယစ်ဆေးဝါး အမှု နှင့် လူသတ်မှုများတွင် ပါဝင်ခဲ့ပါက မိမိ တိုက်ခိုက်သည့် ပစ်မှတ် ဖြစ်စေမည် ဖြစ်ကြောင်း ၊ ယင်းကဲ့သို့ မဆောင်ရွက်ပါက ဖိလစ်ပိုင် နိုင်ငံ တွင် ငြိမ်းချမ်းမှု ရရှိမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117