Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၄၂ ဦးသေဆုံးပြီး ၈၀၀ ကျော် ဒဏ်ရာရရှိခဲ့ကာ လူ ၁၅,၀၀၀ ခန့် နေအိမ်မှစွန့်ခွာခဲ့ရ

အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူလာဝေဆီပြည်နယ် မာမူဂျူမြို့တွင် အင်အား ၆.၂ ပမာဏရှိသော အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက် ပျက်စီးသွားသော အဆောက်အဦတစ်ခုတွင် ရှာဖွေရေးနှင့် ကယ်ဆယ်ရေး (SAR) အဖွဲ့ဝင်များက ရှာဖွေရေးပြုလုပ်နေစဉ် (ဓာတ်ပုံ- BASARNAS/Handout via Xinhua))

ဂျကာတာ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူလာဝီဆီပြည်နယ်တွင် ဇန်နဝါရီ ၁၅ ရက်က လှုပ်ခတ်ခဲ့သော ပြင်းအား ၆.၂ ပမာဏရှိသော အင်အားပြင်းငလျင်ကြောင့် လူပေါင်း ၄၂ ဦးသေဆုံးပြီး ၈၀၀ ကျော် ဒဏ်ရာရရှိခဲ့ကာ လူပေါင်း ၁၅,၀၀၀ ခန့်မှာ နေအိမ်မှစွန့်ခွာခဲ့ရပြီး ကယ်ဆယ်ရေး စခန်းများ၌ နေထိုင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ငလျင်ကြောင့် မာမူဂျူမြို့နှင့် မာဂျင်းခရိုင်ရှိ နေအိမ်များ၊ ရုံးအဆောက်အအုံများ၊ ဟိုတယ်များ၊ ဆေးရုံများနှင့် ဈေးဝယ်စင်တာများ ပျက်စီးခဲ့သဖြင့် လူအများအပြားကို နေရပ်ရွှေ့ပြောင်းပေးခဲ့ရကြောင်း အမျိုးသား ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအေဂျင်စီ အကြီးအကဲ Bagus Puruhito က ပြောခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူလာဝေဆီပြည်နယ် မာမူဂျူမြို့တွင် အင်အား ၆.၂ ပမာဏရှိသော အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက် ပျက်စီးသွားသော အဆောက်အဦတစ်ခုတွင် ရှာဖွေရေးနှင့် ကယ်ဆယ်ရေး (SAR) အဖွဲ့ဝင်များက ရှာဖွေရေးပြုလုပ်နေစဉ် (ဓာတ်ပုံ- BASARNAS/Handout via Xinhua))

အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူလာဝေဆီပြည်နယ် မာမူဂျူမြို့တွင် အင်အား ၆.၂ ပမာဏရှိသော အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက် ပြိုကျနေသော အဆောက်အဦများမှ လူအများကို ကယ်ထုတ်နေကြစဉ် (ဆင်ဟွာ) 

အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူလာဝေဆီပြည်နယ် မာမူဂျူမြို့တွင် အင်အား ၆.၂ ပမာဏရှိသော အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက် ပြိုကျနေသော အဆောက်အဦများမှ လူအများကို ကယ်ထုတ်နေကြစဉ် (ဆင်ဟွာ) 

သေဆုံးသူများအနက် ၃၄ ဦးမှာ မာမူဂျူမြို့မှဖြစ်ပြီး ကျန် ၈ ဦးမှာမူ မာဂျင်းခရိုင်မှဖြစ်ကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ Raditya Jati က ပြောခဲ့သည်။

ငလျင်လှုပ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သူများအနက် ဒဏ်ရာပြင်းထန်သူများကို မာမူဂျူမြို့နှင့် မာဂျင်းခရိုင်ရှိ ဆေးရုံများနှင့် ငလျင်လှုပ်ခတ်ပြီးနောက် တည်ထောင်ခဲ့သော ယာယီဆေးရုံများတွင် ကုသမှုပေးလျက်ရှိကြောင်း Raditya Jati က ဆိုသည်။

ဒဏ်ရာရသူများအနက် မာမူဂျူမြို့တွင် ဒဏ်ရာပြင်းထန်သူ ၁၈၉ ဦးနှင့် မာဂျင်းခရိုင်တွင်မူ ဒဏ်ရာအနည်းငယ်ရရှိသူ ၆၃၉ ဦးရှိကြောင်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

“အခုတော့ ထိခိုက်ပျက်စီးခဲ့တဲ့ဆေးရုံတွေမှာ ကုသမှုခံယူနေတဲ့ လူနာတွေကို ယာယီဆေးရုံတွေဆီ ရွှေ့ပြောင်းခဲ့ပြီးဖြစ်ပါတယ်” ဟု ၎င်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ငလျင်လှုပ်ခတ်မှုများကြောင်း မာမူဂျူမြို့ရှိ Mitra Manakarra ဆေးရုံ ပျက်စီးသွားခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ လူမှုရေးရုံး တာဝန်ရှိသူ Syarifuddin. S. ၏ ပြောကြားချက်အရ သိရသည်။

နေရပ်ရွှေ့ပြောင်းရသူများကိုလည်း ကယ်ဆယ်ရေးစခန်း ၁၀ ခုတွင် ရွှေ့ပြောင်းထားလျက်ရှိကြောင်းနှင့် အရေးပေါ်ထောက်ပံ့မှု အကူအညီများ ပေးပို့ထားပြီးဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သည်။

အန္တရာယ်အကဲဖြတ်မှုနှင့် မုန်တိုင်းဒဏ်ခံရသူများကို ရွှေ့ပြောင်းခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ဆိုသည်။ (Xinhua)
…………………………………………
(English Version)
42 killed, hundreds injured after 6.2-magnitude quake hits Indonesia’s Sulawesi
2021-01-15 23:23:42
JAKARTA, Jan. 15 (Xinhua) — The number of casualties in Indonesia’s 6.2-magnitude quake that jolted West Sulawesi province on Friday rose to 42 with hundreds of people wounded, an official and two top rescuers said.
More than 10,000 people were forced to evacuate as the quake destroyed houses, office buildings, hotels, hospitals and shopping malls in Mamuju city and Majene district, the National Search and Rescue Agency’s Head Bagus Puruhito said.
The National Disaster Management Agency’s Spokesman Raditya Jati said that 34 people were killed in Mamuju city and eight in Majene district.
…………..
Over 800 injured, 15,000 forced to flee home after Indonesia’s strong quake
Source: Xinhua| 2021-01-16 09:23:17|Editor: huaxia
At least 42 people have been killed, 800 people wounded after a 6.2-magnitude quake hit Indonesia’s West Sulawesi province on Friday.
JAKARTA, Jan. 16 (Xinhua) — More than 800 people were wounded and about 15,000 others took shelters as a 6.2-magnitude quake, which hit Indonesia’s West Sulawesi province on Friday, massively destroyed houses and infrastructures, a disaster official said here on Saturday.
As of Friday night, 42 deaths have been reported in the earthquake.
Those with serious injuries have been treated in hospitals and field hospitals set up after the shallow under-land quake struck Mamuju city and Majene district, the National Disaster Management Agency’s Spokesman Raditya Jati said.
As many as 189 people suffered serious injuries in Mamuju and 639 got minor wounds in Majene, the spokesman disclosed.
“Now, the patients who were treated in the impacted-hospitals have been removed to the field hospitals,” he told Xinhua in a text message.
The jolts have destroyed the Mitra Manakarra Hospital in Mamuju, according to Syarifuddin. S., an official of the provincial social office.
The spokesman said that the displaced persons have taken shelters in 10 evacuation centers, and emergency relief aids have been sent to the affected people.
The risk assessment and evacuation of the victims are underway, according to him.■
1-Members of the Search and Rescue (SAR) team search in a damaged building after a 6.2-magnitude earthquake hit Mamuju, West Sulawesi, Indonesia, Jan. 15, 2021. (BASARNAS/Handout via Xinhua)
2-Members of the Search and Rescue (SAR) team search in a damaged building after a 6.2-magnitude earthquake hit Mamuju, West Sulawesi, Indonesia, Jan. 15, 2021. (BASARNAS/Handout via Xinhua)
3-Search and Rescue team members try to evacuate victims from collapsed buildings after a 6.2-magnitude earthquake in Mamuju, West Sulawesi, Indonesia, Jan. 15, 2021. (Photo by Sadly Ashari Said/Xinhua)
4-Search and Rescue team members try to evacuate victims from collapsed buildings after a 6.2-magnitude earthquake in Mamuju, West Sulawesi, Indonesia, Jan. 15, 2021. (Photo by Daus Thobelulu/Xinhua)