Connect with us

Asia

အိန္ဒိယနိုင်ငံတွင် အရက်တုဖြစ်ဖွယ်ရှိသည်ကို သောက်သုံးမိ၍ လူ ၁၂ ဦးသေဆုံး

အရက်ခွက်များစီထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း West Bengal တွင် အတုဖြစ်နိုင်သောအရက်ကို သောက်သုံးမိ၍ လူ ၁၂ ဦးထက်မနည်း သေဆုံးပြီး အခြားသူ ၂၅ ဦးမှာ နေထိုင်မကောင်းဖြစ်ခဲ့ကြောင်း တာဝန်ရှိသူများက နိုဝင်ဘာလ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ အရက်များအား West Bengal ပြည်နယ်၏ မြို့တော် ကိုလ်ကတ္တားမြို့မြောက်ဘက် ၁၁၆ ကီလိုမီတာအကွာရှိ Rohtas ခရိုင်တွင် နေထိုင်သူများက သောက်သုံးခဲ့ခြင်း ဖြစ်သည်။

တာဝန်ရှိသူများ၏ အဆိုအရ ထိုလူများသည် နိုဝင်ဘာလ ၂၈ ရက်က အရက်သောက်သုံးခဲ့ပြီးနောက် ၅ ဦးမှာသေဆုံးခဲ့ကာ အခြားသူ ၃၂ ဦးမှာ နေထိုင်မကောင်းဖြစ်သွားခဲ့ကြောင်း၊ နောက်ပိုင်းတွင် သေဆုံးသူအရေအတွက်မှာ ၁၂ ဦးအထိ ရှိလာခဲ့ကြောင်း သိရသည်။

၎င်းတို့၏ မိသားစုဝင်များက အရက်အတုများကြောင့် ၎င်းတို့၏ ဆွေမျိုးများသေဆုံးကြောင်း စွပ်စွဲခဲ့သော်လည်း ထိုသေဆုံးမှုများနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က အတည်ပြုထားခြင်း မရှိသေးပေ။

“ကျွန်တော်တို့ သေဆုံးကြောင်းစစ်ဆေးချက်ကို စောင့်နေပါတယ်။ အဲဒါကသာ သေဆုံးရခြင်းအကြောင်းရင်းကို သေချာအောင် လေ့လာစိစစ်နိုင်ပါလိမ့်မယ်” အဆင့်မြင့်ရဲအရာရှိတစ်ဦးက ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.