Connect with us

Asia

APEC ကုန်သွယ်ရေးဝန်ကြီးများ တွင် ကုန်သွယ်ရေးအဆင်ပြေမှုကို တွန်းအားပေးဆောင်ရွက်ကာ ကာကွယ်ဆေး နှင့် သက်ဆိုင်ရာ ကုန်ပစ္စည်းများ လည်ပတ်မှုကို တွန်းအားပေးရန် ကတိပြု

၂၀၂၁ ခုနှစ် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အဖွဲ့ ကုန်သွယ်ရေးဝန်ကြီးများအစည်းအဝေး ဥက္ကဋ္ဌ ၊ နယူးဇီလန်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီး Damien Peter O'Connor (ညာ) အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝယ်လင်တန် ၊ ဇွန် ၇ ရက် (ဆင်ဟွာ)

အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (APEC) အဖွဲ့ဝင်များ ကုန်သွယ်ရေးဝန်ကြီးများ ဗီဒီယို အစည်းအဝေးကို ဇွန်လ ၆ ရက်၌ ကျင်းပပြီးစီးခဲ့သည်။ အစည်းအဝေး၌ ကြေညာချက်များစွာ ထုတ်ပြန်ကြေညာခဲ့ပြီး ကုန်သွယ်ရေး ပိုမိုအဆင်ပြေချောမွေ့စေသည့် ဆောင်ရွက်မှုများ ၊ ကာကွယ်ရေး နှင့် ဆက်စပ်ပစ္စည်းများ နယ်စပ်ဖြတ်ကျော် လည်ပတ်မှုကို တွန်းအားပေးသည့် ဆောင်ရွက်မှုများ ၊ COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေး နှင့် စီးပွားရေးပြန်လည်ကောင်းမွန်စေရေး အတွက် တွန်းအားပေးဆောင်ရွက်မှုများနှင့် ပတ်သက်၍ အသီးသီး ကတိပြုခဲ့ကြကြောင်း သိရှိရသည်။

ယခုအကြိမ်အစည်းအဝေးကို ၂၀၂၁ ခုနှစ် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အဖွဲ့ အလှည့်ကျ ဥက္ကဋ္ဌ နယူးဇီလန်နိုင်ငံ မှ သဘာပတိအဖြစ် ဦးစီးကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေး တက်ရောက်ခဲ့ကြသည့် သက်ဆိုင်ရာအသီးသီးတို့က ကုန်သွယ်ရေးသည် ကပ်ရောဂါကြောင့် ဖြစ်ပွားသည့် သက်ရောက်မှု နှင့် စီးပွားရေး ပြန်လည်ကောင်းမွန်စေရေးတို့အတွက် လွန်စွာအရေးပါကြောင်း ယူဆခဲ့ကြသည်။

၂၀၂၁ ခုနှစ် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အဖွဲ့ ကုန်သွယ်ရေးဝန်ကြီးများအစည်းအဝေး ဥက္ကဋ္ဌ ၊ နယူးဇီလန်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီး Damien Peter O’Connor က လူတိုင်းသည် COVID-19 ရောဂါပိုးခြိမ်းခြောက်မှုမရှိသေးသည့်အချိန်ထိ အားလုံး လုံခြုံမှုမရှိကြောင်း ၊ APEC အဖွဲ့ဝင်နိုင်ငံများသည် ကမ္ဘာ့ GDP ၏ တစ်ဝက်ရှိသောကြောင့် ဈေးကွက် တံခါးဖွင့်မှုကို ထိန်းသိမ်းသွားရမည်ဖြစ်ပြီး မိမိကိုယ်ကိုယ် တံခါးပိတ်ကာ စီးပွားရေးတိုးတက်မှုကို အကောင်အထည်ဖော်၍ရမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

အစည်းအဝေးပြီးနောက် ထုတ်ပြန်ခဲ့သည့် သတင်းကြေညာချက်တွင် APEC အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကာကွယ်ဆေး ထုတ်လုပ်မှုအရင်းအနှီးပိုမိုများပြားစေနိုင်သည့် ကုန်သွယ်ရေး ကန့်သတ်ချက်များကို ပယ်ဖျက်ပြီး ကာကွယ်ဆေး နှင့် ဆက်စပ်ကုန်ပစ္စည်းများ လည်ပတ်မှုရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ အကောက်အခွန်များအား လမ်းညွှန်မှုဆောင်ရွက်ပေးပြီး ကာကွယ်ဆေးများ ဆိပ်ကမ်းနှင့် လေဆိပ်မှ အမြန်ဆုံး ဖြတ်ကျော်နိုင်ရန် အာမခံချက်ရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ကုန်စည်ပို့ဆောင်ရေး နှင့် ကုန်ပစ္စည်းလည်ပတ်မှု ဝန်ဆောင်မှုတွင် အတားအဆီးများကို ပယ်ဖျက်ရမည်ဖြစ်ကြောင်း ၊ ကာကွယ်ရေး နှင့် အခြားသက်ဆိုင်ရာ ကုန်ပစ္စည်းများ ကုန်သွယ်မှုကို ထောက်ခံအားပေးပြီး ကပ်ရောဂါတိုက်ဖျက်ရေးကို ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းဖော်ပြထားသည်။

ထို့ပြင် ထုတ်ပြန်ချက်တွင် APEC အဖွဲ့ဝင် ကုန်သွယ်ရေးဝန်ကြီးများက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ် ၏ ကုန်သွယ်ရေးပိုမိုအဆင်ပြေချောမွေ့စေရေး ဘောတူညီချက်အား ပိုမိုလျင်မြန်စွာဆောင်ရွက်ကြရန် သဘောတူညီခဲ့ကြသည်။ ကုန်သွယ်ရေးဆိုင်ရာ ဆပ်စပ်ဆွေးနွေးမှုများကို တွန်းအားပေးဆောင်ရွက်ပြီး ရာသီဥတုပြောင်းလဲမှုအန္တရာယ်ကို ပိုမိုပြင်းထန်လာစေသည့် ရေနံစွမ်းအင်လုပ်ငန်း ထောက်ပံ့မှုစနစ်ကို ပြုပြင်ပြောင်းလဲမှု လုပ်ကိုင်ဆောင်ရွက်ကြရန် သဘောတူညီခဲ့ကြသည်။

ယင်းမတိုင်မီ အာရှ-ပစိဖိတ် စီးပွားရးပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း ကုန်သွယ်ရေးဝန်ကြီးများ နှင့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း စက်မှု နှင့် ကူးသန်းရောင်းဝယ်ရေး အကြံပေး ကောင်စီ အဖွဲ့ဝင်တို့က ဗီဒီယို အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပြီး ကပ်ရောဂါ ရင်ဆိုင်ဖြေရှင်းရေးဆောင်ရွက်မှု မှ ကုန်သွယ်ရေးအပေါ် သက်ရောက်မှု နှင့် စီးပွားရေး အသိုက်အဝန်း အသီးသီး၏ အနာဂတ်တွင် မည်ကဲ့သို့ တိုက်ခိုက်မှုကို ပိုမိုကောင်းမွန်စွာ ကာကွယ်သွားရန် နှင့် ပတ်သက်သည့် ဆွေးနွေးမှုအား ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ (Xinhua)

…………………………………………
(Chinese Version)

(经济)APEC贸易部长承诺推动贸易便利化 促进疫苗及相关产品流动

新华社惠灵顿6月6日电(记者卢怀谦 郭磊)亚太经合组织(APEC)成员贸易部长视频会议6日结束。会议发表多项声明,承诺将采取贸易便利化措施,促进疫苗和相关产品跨境流动,以抗击新冠疫情和促进经济复苏。

此次会议由2021年亚太经合组织轮值主席新西兰主持。与会各方一致认为,贸易在应对疫情影响和促进经济复苏方面的作用至关重要。
2021年亚太经合组织贸易部长会议主席、新西兰贸易部长达明•奥康纳指出,在每个人都能免受新冠病毒威胁之前,没有人是安全的。APEC成员占全球国内生产总值比重一半,需通过保持市场开放而不是自我封闭来实现经济繁荣。

会后发布的新闻公报说,APEC成员将在以下领域采取行动:取消增加疫苗成本的贸易限制以加快疫苗和相关产品的流动;为海关提供指引,确保疫苗尽快通过港口和机场;消除货运和物流服务壁垒,支持疫苗和相关产品贸易,助力抗击疫情。

公报还说,APEC成员贸易部长同意加快实施世界贸易组织贸易便利化协定。促进一系列相关贸易谈判,并着手改革加剧气候危机的化石能源行业补贴制度。
此前,亚太经合组织贸易部长与亚太经合组织工商咨询理事会成员举行了视频对话会,探讨疫情应对措施对贸易的影响以及各经济体如何更好抵御未来冲击等话题。(完)

Photo
6月5日,2021年亚太经合组织贸易部长会议主席、新西兰贸易部长达明•奥康纳(右)在新西兰惠灵顿出席亚太经合组织成员贸易部长视频会议新闻发布会。(新华社照片)