Connect with us

Asia

မြောက်ကိုရီးယားနိုင်ငံ (DPRK) သည် အရှေ့ပင်လယ်ထဲသို့ တာတိုပစ်ဒုံးကျည်များ ပစ်လွှတ်

မြောက်ကိုရီးယားနိုင်ငံ (DPRK) က အရှေ့ပင်လယ်ထဲသို့ ပစ်လွှတ်ခဲ့သည့် တာတိုပစ်ဒုံးကျည်တစ်စင်း အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆိုးလ်၊ မတ် ၃ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ (DPRK) သည် မြောက်များစွာသော တာတိုပစ်ဒုံးကျည်များအား ၎င်း၏ အရှေ့ ပင်လယ်ထဲသို့ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ (ROK) ၏ ကာကွယ်ရေးဝန်ကြီးဌာန က မတ်လ ၃ရက်နေ့တွင်ပြောကြားခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Moon Sang-Kyun က မြောက်ကိုရီးယားနိုင်ငံ (DPRK) စစ်တပ်သည် ဒေသစံတော်ချိန် ၁၀နာရီ ခန့်၌ တာတိုပစ်ဒုံးကျည် မြောက်များစွာကို Wonsan ဧရိယာမှ အရှေ့ပင်ဘယ် ထဲသို့ ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူက DPRK မှ ပစ်လွှတ်ခဲ့သည့် ဒုံးကျည်များသည် တာတိုပစ် ဒုံးကျည်များ ဟုတ်မဟုတ်ကို အတည်မပြုနိုင်သေးကြောင်းနှင့် တောင်ကိုရီးယားနိုင်ငံ (ROK) စစ်တပ်မှ အဆိုပါ ပစ်လွှတ်မှုကို လေ့လာ ဆန်းစစ်နေကြောင်း ပြောကြားခဲ့သည်။

Moon က တောင်ကိုရီးယားနိုင်ငံ (ROK) စစ်တပ်သည် မြောက်ကိုရီးယားနိုင်ငံ (DPRK)တပ်ဖွဲ့ ၏ လူပ်ရှားမှု များကို အနီးကပ်စောင့်ကြည့်လျက်ရှိပြီး ကာကွယ်ရေး စနစ်များကို အသင့်ပြင်ထားကြောင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ (DPRK) သည် ထိုသို့ပစ်လွှတ်မှုကို နယူးယောက်တွင် ကျင်းပခဲ့သော ၎င်းနိုင်ငံနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေး အပြီး နာရီပိုင်းအကြာတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဆွေးနွေးပွဲ၌ မြောက်ကိုရီးယားမှ မကြာသေးမီက ပြုလုပ်ခဲ့သည့် နျူကလီးယား လက်နက် စမ်းသပ်မှု နှင့် ဒုံးပျံတင်လွှတ်မှု တို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.