Connect with us

Eastern Europe

တူရကီ နိုင်ငံ ၏ မြို့တော်တွင် အသေခံ ဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၈၆ ဦးအထိ ရောက်ရှိလာ

တူရကီ နိုင်ငံ တွင် အောက်တိုဘာ ၁၀ ရက်နေ့က ဖြစ်ပွား ခဲ့သည့် ဗုံးဖောက်ကွဲမှု အခင်းဖြစ်ပွားရာ နေရာအား မြင်တွေ့ခဲ့ရစဉ် (ဆင်ဟွာ)

အမ်ကာလာ ၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

တူရကီ နိုင်ငံ ကျန်းမာရေး ဌာန မှ အောက်တိုဘာ ၁၀ ရက်နေ့က ထုတ်ပြန် ခဲ့သည့် နောက်ဆုံး စာရင်း အရ တူရကီ နိုင်ငံ၏ မြို့တော် အမ်ကာလာ တွင် အောက်တိုဘာ ၁၀ ရက်နေ့ မနက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် အသေခံ ဗုံးဖောက်ခွဲမှု ကြောင့် သေဆုံးသူ ဦးရေသည် ၈၆ ဦးရှိခဲ့ပြီး ၁၈၆ ဦးဒဏ်ရာရရှိခဲ့ကာ ထိုအတွင်း မှ ၂၈ ဦးမှာ အခြေအနေ စိုးရိမ် ရကြောင်း ပြောကြား ခဲ့သည်။

အောက်တိုဘာ ၁၀ ရက်နေ့ မနက်ပိုင်းတွင် အမ်ကာလာ ရထား ဘူတာ အနီးတွင် ဖြစ်ပွားခဲ့သော ဗုံးဖောက်ခွဲမှု နှစ်ခုကြောင့် ပတ်ဝန်းကျင် ရှိ အဆောက်အဦးမှ မှန်များမှာ ဗုံးပေါက်ကွဲမှုကြောင့် ပျက်ဆီး သွားခဲ့သည်။ လက်ရှိချိန် တွင် ရဲဌာန မှ အခင်းဖြစ်ပွားရာ နေရာအား ပိတ်ဆို့တားဆီး ခဲ့ပြီး အရေးပေါ်လူနာတင်ကား များ မှာလည်း ဘူတာ အနီးသို့ ရောက်ရှိနေပြီး ဖြစ်ကြောင်း သိရှိခဲ့ရသည်။

သတင်း ဖော်ပြချက်များအရ အမ်ကာလာ မြို့တွင် ထို့နေ့၌ ငြိမ်းချမ်းရေး စုဝေးပွဲ တစ်ရပ်ကျင်းပခဲ့သည်။ ဗုံးဖောက်ခွဲမှု ဖြစ်ပွားချိန်တွင် စုဝေးပွဲ ကိုလာရောက်ကြသည့် လူများမှာ ရထားဘူတာ ရှေ့တွင် စောင့်ဆိုင်း နေစဉ် ဗုံးပေါက်ကွဲမှု ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ တူရဂီ နိုင်ငံ အစိုးရ ဌာန မှ ယခု ဖြစ်ပွား ခဲ့သည့် ဗုံးဖောက်ခွဲမှု သည် အသေခံ ဗုံးဖောက်ခွဲမှု ဖြစ်ပြီး ယာယီ ဝန်ကြီးချုပ် Ahmet Davutoğlu မှ အရေးပေါ် လုံခြုံရေး အစည်း အဝေး တစ်ရပ် ပြုလုပ် သွားမည်ဖြစ်ကာ ထို့နောက်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117